သူငယ်ချင်းရေမွန် က ွယ်လွန်ခြင်း(၁)နှစ်ပြည့်နေ့မှာ ရေမွန်ရေးသားပေးခဲ့တဲ့ သီချင်းလေးကို သီဆိုချပြလာတဲ့ သင်ဇာဝင့်ကျော်
မိတ်ဆွေတို့ရေ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်မင်းသမီးချောလေးပဲဖြစ်ပါတယ်။ အနုပညာလောကမှာ ဟိုအရင်ကတည်းက ဒီကနေ့အချိန်ထိ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) Videoကို အောက်ဆုံးတွင် ဖော်ပြထားသည်။ Videoကို အောက်ဆုံးတွင် ဖော်ပြထားသည်။
နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့တဲ့သူမဟာ အခုနောက်ပိုင်းမှာတော့ အားကစားကို အဓိကထားလုပ်ရင်း မိမိုက်ကျစ်လစ်တဲ့ ခန္ဓကိုယ်အချိုးအစားနဲ့ ပရိတ်သတ်တွေရဲ့ အသည်းကို အပိုင်သိမ်းထားခဲ့သူပါ။
သူမရဲ့ ဘာဝတ်ဝတ်လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်နဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့် ပုရိဿယောကျ်ားတွေရဲ့ အသည်းစွဲဖြစ်ခဲ့ရပါတယ်နော်။ သင်ဇာကတော့ မကြာသေးခင်အချိန်က သူ့ရဲ့အနုပညာခြေလှမ်းသစ်အနေနဲ့
သီချင်းတွေကို သီဆိုခဲ့ပြီး သူ့ရဲ့ပထမဆုံးသီချင်းလေးကတော့ မထင်မှတ်လောက်အောင် အောင်မြင်မှုရရှိခဲ့ပါသေးတယ်။ ဒီနေ့ ဇွန်လ(၂၃)ရက်နေ့မှာတော့ သူ့ရဲ့ဒုတိယမြောက်သီချင်းလေးထွက်ရှိလာခဲ့ပါတယ်။
သီချင်းလေးကိုတော့ က ွယ်လွန်သွားတာ ဒီနေ့မှာ (၁)နှစ်ပြည့်သွားတဲ့ ပရိသတ်အချစ်တော် အဆိုတော်ရေမွန်ရေးသားထားတတာဖြစ်ပြီး သူငယ်ချင်းရေမွန့်ဆီကနေ သင်ဇာက သီချင်းလေးကိုဝယ်ယူထားခဲ့တာပဲဖြစ်ပါတယ်။
သင်ဇာကတော့ သီချင်းလေးနဲ့ ပတ်သက်ပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာ “ဒီသီချင်းလေးကို က ွယ်လွန်သွားသူ တေးရေး တေးဆို သူငယ်ချင်းတွတ်ပီ (ခ) Raymond ဆီက 2013 လောက်ကဝယ်ထားခဲ့တာပါ။
ဒီသီချင်းကို တွတ်ပီက သူ့အမေဆိုဖို့အတွက် ရေးထားပေးတာဆိုပြီးဖွင့်ပြတယ်။ ဖွင့်ပြပြချင်းမှာပဲအရမ်းကြိုက်လို့ သူငယ်ချင်းရယ် ငါအရမ်းကြိုက်လို့ ငါ့ပြန်ရောင်းပါဆိုပြီး အတင်းဝယ်ခဲ့တဲ့ သီချင်းလေးဖြစ်ပေမဲ့
အခြေအနေအကြောင်းကြောင်းကြောင့် ကြားထဲမှာလဲ မအားဘဲ သီချင်းဆိုတဲ့ဘက်ကို အချိန်အပြည့်အဝမပေးနိုင်ခဲ့လို့ သီချင်းသွင်းတဲ့အဆင့်မရောက်ပဲ တီချယ်ခင်မြတ်မွန်နဲ့သီချင်း ကျင့်ဖြစ်လိုက်ပြန်ပျက်လိုက်နဲ့
သူငယ်ချင်းတွတ်ပီသာ ဆုံ းသွားတယ် သီချင်းမသွင်းဖြစ်ခဲ့ဘူး။ တီချယ်ကလဲ သမီးဆိုချင်ဆိုပါ သမီးဆိုပြီးမှတီချယ်ပြန်ဆိုမယ်ဆိုပြီးသေချာကျင့်ပေးခဲ့ပေမဲ့ အချိန်ပေးပြီးမဆိုဖြစ်ခဲ့လို့ တီချယ့်ကိုလဲ အရမ်းအားနာမိပါတယ်။
တွတ်ပီရှိတုန်းက မဆိုခဲ့မိလို့လဲ နောင်တရလို့မဆုံးပါဘူး။ ဒါပေမဲ့လဲ သူနဲ့ပတ်သက်တဲ့အမှတ်တရတခုကျန်ခဲ့ချင်တဲ့စိတ်နဲ့ ဒါကိုဖြစ်အောင်လုပ်မယ်ဆိုပြီး တီချယ်ဆီဆက်သွယ် သီချင်းလေးကိုပြန်ထပ်ဝယ်ပြီး တွတ်ပီ ၁နှစ်ပြည့်လေးမှာ
အမှတ်တရဖြစ်သွားအောင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တီချယ်ကိုလဲ surprise လုပ်ရင်း”ဆိုကာ ဒီနေ့မှာ က ွယ်လွန်ခြင်း (၁)နှစ်ပြည့်တဲ့ သူငယ်ချင်းရေမွန်ကို လွမ်းဆွတ်တမ်းတခြင်းအထိမ်းအမှတ်နဲ့
ဒီသီချင်းလေးကို ပရိသတ်ရှေ့ချပြခဲ့ကြောင်းရေးသားမျှဝေထားခဲ့ပါတယ်။ မိတ်ဆွေတို့ ဒီသီချင်းလေးကို နားဆင်လို့ရအောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*