ချစ်သူလေး နန်းသူဇာကို Surprise လုပ်ကာ လက်ထပ်ခွင့်တောင်းဆိုခဲ့တဲ့ ကျော်ထွဋ်ဆွေ

မိတ်ဆွေတို့ရေ ကျော်ထွဋ်ဆွေ နဲ့နန်းသူဇာကတော့ ပရိသတ်တွေ သဘောကျအားပေးရတဲ့ စံပြIdolအနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါအဝင်ပါ။ သူတို့နှစ်ဦးစလုံးဟာ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မြတ်နိုးကြပြီး

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ဂရုစိုက်ကြင်နာလွန်းတတ်တဲ့ အမူအကျင့်တွေကြောင့် ပရိတ်သတ်တွေက သတိထားမိပြီး အားကျလေးစားရတဲ့ စုံတွဲတစ်တွဲအဖြစ် လူသိများလာတာဖြစ်ပါတယ်။ အနုပညာရှင်စုံတွဲဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေနဲ့

မော်ဒယ် နန်းသူဇာတို့စုံတွဲ ဘယ်တော့လက်ထပ်ကြမလဲဆိုတာ ပရိသတ်တွေက အမြဲ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ အခုလို စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ပရိသတ်တွေအတွက် အံ့အားသင့်စရာ

သတင်းကတော့ မနေ့ညက ကျော်ထွဋ်ဆွေတစ်ယောက် surprise လုပ်ကာ နန်းသူဇာကိုလက်ထပ်ခွင့်တောင်းခံခဲ့တာပဲ ဖြစ်ပါတယ်။ ကိုကျော်ထွဋ်ဆွေဟာ ယမန်နေ့ ဇွန်လ(၂၂)ရက်နေ့က ချစ်ရသူ နန်းသူဇာကို

လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး အဆိုပါလက်ထပ်ခွင့်ကို နန်းသူဇာက လက်ခံခဲ့တာပဲဖြစ်ပါတယ်။ နန်းသူဇာက ဒီအကြောင်းအရာလေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှလာခဲ့တာဖြစ်ပြီး သူမက “I said YES

ဒီတခါတော့ ကိုကျော်ကြီး Surprise အောင်မြင်ခဲ့ပြီ”ဟုရေးသားထားတာဖြစ်ပါတယ်။ ကိုကျော်ကြီးတစ်ယောက် ဘယ်လိုတွေ roထားလဲဆိုတာ ကြည့်ရှုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်တွေ အမြဲမေးခွန်းထုတ်ခဲ့တဲ့

သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲလေးကတော့မကြာခင်မှာမြင်တွေ့ရမှာပါပဲနော်။ မိတ်ဆွေတို့လည်း ကျော်ထွဋ်ဆွေနဲ့နန်းသူဇာတို့ ချစ်သူစုံတွဲအတွက် ဂူဏ်ပြုစကားလေးတွေပြောခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်








Be the first to comment

Leave a Reply

Your email address will not be published.


*