အထိုးအကြိတ်အခန်းတွေမှာ လူကြမ်းအဖွဲ့လို့ဆိုလိုက်ရင် ကိုလူချောတို့အဖွဲ့ကို အမြဲတွေ့ရမှာပဲဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်တွေဟာ အထို းအကြိ တ်ကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးတွေမှာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အများဆုံးပါဝင် သရုပ်ဆောင်ရသူတွေပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားတဲ့အချိန်ကတည်းက လူကြမ်းသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအားလုံးရင်းနှီးပြီးသားဖြစ်တဲ့ ကိုသန့်စင် ကိုတော့
လူတိုင်းသိလိမ့်မယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က လူကြမ်းသရုပ်ဆောင်ကြီး ကိုသန့်စင် ကတော့စားဝတ်နေရေး အခက်အခဲဖြစ်နေတာကြောင့် ပန်းရံအလုပ်သမားအဖြစ်
ဝင်ရောက်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းတွေအွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တာကြောင့် ချစ်တဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်ကြရပါသေးတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကြောင့် အနုပညာလုပ်ငန်းတွေအာလုံးရပ်နားထားရတာကြောင့်
အလွှာအသီးသီးက သရုပ်ဆောင်တွေအားလုံးအတွက် စီးပွားရေးကျပ်တည်းမှု့တွေ များစွာကြုံတွေ့နေရပါတယ်။ ဒီအထဲမှာတော့ လူကြမ်းသရုပ်ဆောင် ကိုသန့်စင် တစ်ယောက်လဲအပါအဝင်ပဲဖြစ်ပါတယ်။
ဒါပေမယ့် ကိုသန့်စင် ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် ပရိသတ်တွေက မလေးဘဲမနေနိုင်အောင် လေးစားကြရပြန်ပါပြီ။ ဒါကတော့ “You Tube အတွက် ဇာတ်လမ်းတွဲအတွက် မည်သည့်ကားရိုက်ခေါ်ခြင်းကို ရိုက်ဖို့အင်အားမရှိသေးလို့ပါ
မြန်မာပြည်ကြီးငြိမ်းချမ်းတဲ့နေ့ ပျော်ပျော်ကြီးဇာတ်ကားတွေရိုက်ကြမယ်နော် လူအချင်းချင်းစာနာထောက်ထားပြီး ပေးကမ်း လှူဒါန်းခြင်း လက်မခံပါအားလုံးနားလည်ခွင့်လွတ်ပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်
ပိုက်ဆံတော့မချမ်းသာပါဘူး မာနနဲ့ ခံယူချက်ကတော့ချမ်းသာတယ်ဗျ ” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားတာကို တွေ့ရပါတယ်။ချစ်ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင် ကိုသန့်စင် ကိုကားရိုက်ဖို့ကမ်းလှမ်းလာကြသူတွေရှိကြပေမဲ့
အများပြည်သူစိတ်မချမ်းမြေ့ကြတဲ့အချိန်မှာ ဇာတ်ကားတွေ ရိုက်ကူးနိုင်တဲ့ စိတ်ခွန်အားမရှိဘူးလို့ သိရပါတယ်။ ကိုသန့်စင် ရေ မြန်မာပြည်ကြီးငြိမ်းချမ်းတဲ့နေ့ရောက်တဲ့အခါ ချစ်တဲ့အနုပညာလုပ်ငန်းတွေကို ပျော်ပျော်ကြီးဆက်လက် လုပ်ကိုင်နိုင်ပါစေ၊ ဒီထက်မကပိုမိုအောင်မြင်ပါစေနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply