အိမ်ထောင်ကျဖူးတဲ့ သူနဲ့ချစ်ကြိုက်နေကြတယ်ဆိုပြီး တိုက်ခိုက်နေကြတဲ့ အပေါ် ပြန်လည်ဖြေရှင်းလာတဲ့ မေပန်းချီ
သရုပ်ဆောင်၊ မော်ဒယ်လ် မေပန်းချီကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးရင်း အနုပညာလောကမှာ အောင်မြင်လာခဲ့သူတစ်ယောက်ပါ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
လူသိများတဲ့ အနုပညာရှင်တစ်ယောက်ပီပီ လူပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ မေပန်းချီဟာ လူတွေရဲ့ချီးကျူးမှုကိုခံရသလို ပြစ်တင်ပြောဆိုမှုတွေကိုလည်း ခံရစမြဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း မေပန်းချီက အိမ်ထောင်ကျဖူးသူနဲ့ချစ်ကြိုက်နေကြပြီဆိုတဲ့ ကောလဟာလတွေကြောင့် အခုလိုပဲ ဖြေရှင်းချက် ထုတ်လာခဲ့ရပြန်ပါတယ်။“ကျွန်မရဲ့ ဂျာကြီး ကိုမြင်ဖူးချင်တဲ့ သူများကို အလင်းပြတာ
ရုပ်လေးက မဆိုးရှာပါဘူး အိမ်ထောင် လဲ လပိုင်းလောက်ကျခဲ့ဖူးတယ်။ အခုတော့လူပျိုကြီးပေါ့ သူဘာလို့လူပျိုကြီးဖြစ်သွားတဲ့သမိုင်းကြောင်းတော့ကျွန်မမမှီလိုက်တော့မမေးမိဘူး သာမန်ဝန်ထမ်းတစ်ယောက် ဘောစိတော့မဟုတ်ဘူး။
အမေရှိစဉ်ကရော မရှိတော့တဲ့ အခုချိန်ထိပါ ကျွန်မတို့ကိုအကောင်းဆုံးစောင့်ရှောက်ခဲ့တာ ယနေ့အထိပဲ။ သေချာတာတော့ ကျွန်မတို့တစ်ဖွဲ့လုံး သူ့ကိုချစ်ကျတယ်။ လူတစ်ယောက်ကို ပြုတ်ကြစေချင်တာ သပ်သပ်နဲ့
ကျွန်မ တို့ Bro ကိုမထိခိုက်စေချင်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ မေပန်းချီက သူမနဲ့ စွပ်ဆွဲပြောဆိုနေသူဟာ သူမကို အရင်ကတည်းကစောင့်ရှောက်ပေးပြီး အလုပ်တွေကိုလည်း ကူညီလုပ်ဆောင်ပေးနေတဲ့
သူမရဲ့မန်နေဂျာသာဖြစ်တယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆိုရင်မေပန်းချီရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိ သွားလောက်ပြီထင်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*