
မိတ်ဆွေတီု့ရေ နန်းစန္ဒာလှထွန်းဆိုတဲ့ MRTV 4 မင်းသမီးလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ ရိုးရိုးအေးအေး မျက်နှာပေးလေးကြောင့် လူတိုင်းက ချစ်ခင်အားပေးခဲ့ကြတာပါ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဇာတ်လမ်းတိုင်းမှာ ရိုးရိုးအေးအေး မိန်းမသားလေး ဘဝနဲ့ အများဆုံးသရုပ်ဆောင်တာများသလို အခုနောက်ပိုင်းမှာလည်း သူ့ကားလေးတွေ အများကြီး ပြလာတာမလို့ ပရိတ်သတ်တွေနဲ့ ရင်းနှီးမှုပိုရနေပါပြီ။
သူ့ရဲ့ အပေါက်ဆုံးနဲ့လူကြိုက်အများဆုံး ဇာတ်လမ်းတွဲလေးဆိုရင် “အရိပ်” “ကျွန်တော်အမုန်းဆုံးကျွန်တော်”နဲ့ လက်ရှိပြနေတဲ့ ဒေါင်းယာဉ်ပျံဘုံနဘေး စာရေးလို့ထားချင်တယ်”တို့ပဲဖြစ်ပါတယ်။ အမြဲတမ်း ခပ်အေးအေး ပုံစံလေးနဲ့
တွေ့ရတဲ့သူမကို ဒီနေ့ မှာတော့ ခပ်မိုက်မိုက်ပုံစံအလန်းကြီးတွေနဲ့ မြင်ရမှာပါနော်။ အရင်က ဒီလိုတွေမဝတ်ရဲ ၊ မလုပ်ရဲပေမယ့်လည်း ဒီတစ်ခေါက်သူ့မွေးနေ့လေးမှာတော့ ပုံစံအသစ်ချပြချင်တာရယ် ကိုယ်တိုင်လည်း
Self confident တိုးချင်တာရယ်ကြောင့် ဒီလိုဖန်တီးမှုအသစ်လေးနဲ့ ခပ်လန်းလန်းပုံလေးတွေကို ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်၂၀ကျော်မိန်းမသားတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ်တိုးတတ်ပြောင်းလဲမှုအသစ်လေးတွေ
လုပ်ကြည့်တာဖြစ်ပြီး နောက်လည်း ဒီလိုChallenge လေးတွေလုပ်ကြည့်သွားဦးမှာဖြစ်ကြောင်း သူမရဲ့လူမှုကွန်ယက်ကနေ “Happy Birthday to all the June-born ပါ။ နန်းနန်းကိုအမြဲတန်း ရိုးရိုးရှင်းရှင်းstyle လေးနဲ့ပဲ
တွေ့မြင်ဖြစ်တာများတယ်။ ၂၀ကျော်အသက်ရဲ့အမြီးလေးမှာ နန်းနန်းကကိုယ့်ကိုယ်ကို self challenge လေးတစ်ခုလုပ်လိုက်တာပါ။ နန်းနန်း မလုပ်ရဲတဲ့ မဝတ်ရဲတဲ့ style တွေ စိတ်ကူးယဉ်ပြီး ချစ်ရတဲ့Shooting Teamနဲ့တိုင်ပင်ပြီး
ရိုက်ထားတာလေးကို ချပြလိုက်တာပါရှင့်။ ပြောရမယ်ဆိုရင်တော့ ဒါဟာ နန်းနန်းရဲ့ self improvement လေးတစ်ခုလို့ပြောလို့ရပါတယ်။နောင်နှစ်တိုင်းမှာလည်း self improvement လုပ်ဖို့ကြိုးစားပါမယ် ဒီပုံတွေကိုကြည့်တဲ့
ပရိတ်သတ်တွေလည်း နန်းနန်းရဲ့ တိုးတက်မူ ထူးခြားမူကို ထပ်တူခံစားနိုင်ဖို့လည်း မျှော်လင့်ပါတယ်”ဆိုပြီး ပုံရိပ်လေးတွေနဲ့အတူ ဖော်ပြလာတာဖြစ်ပါတယ်။ သူမကို အမြဲတမ်း ရိုးရိုးလေးပဲမြင်နေရတဲ့ပရိတ်သတ်တွေအတွက်လည်း
တစ်မျိုးလေးဆန်းအောင်လုပ်ပြချင်တာဖြစ်သလို သူမရဲ့မွေးနေ့လေးဆိုတော့ အမှတ်တရလေးလည်းပိုပြီးဖြစ်သွားတာပေါ့နော်။ ကဲ မွေးနေ့ရှင်လေးကို မွေးနေ့ဆုတောင်းပေးလိုက်ရအောင်နော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply