မကွေးတိုင်း ပွင့်ဖြူမြို့နယ်ပုသိမ်-မုံရွာလမ်းမဲဇလီတံတားမှာ ဒီနေ့ဇွန်လ(၂၂) ရက်နေ့ မနက်ပိုင်း ကဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်လ က်နက်ပစ္စည်းကား ကို စစ်ကောင်စီကကြားဖြတ်တို က် ခိုက်ခဲ့တဲ့အတွက်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အေသအပျောက်ရှိနိုင်တယ်လို့ ပွင့်ဖြူမြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။ သရက်နဲ့ ကံမမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ လ က်နက်သယ်ဆောင်ပြီး အပြန်မှာ
တို က်ခိုက်ခံရတာဖြစ်ပြီး မနက် (၆) နာရီလောက်အထိ အပြန်အလှ န်ပ စ်ခတ်တာတွေရှိခဲ့ ပါတယ်။“ကျွန်တော်တို့လည်းအခြေနေတိတိကျကျမသိရသေးဘူး။အသေပျောက်တွေရှိတယ်လို့ပဲသိ ရတယ်။
သရက်၊ကံမဘက်ကအဖွဲ့တွေပစ္စည်းသယ်ရင်း တံတားပေါ်မှာ စခတွေပ စ်တာ ခံရတယ်ပြောတယ်။ ထိခိုက်ေသဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးဘူး အသေးစိတ် မပြောနိုင်သေးဘူ” လို့
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပွင့်ဖြူမြို့နယ်တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။ အဲ့ဒီပ စ်ခတ်မှုကြောင့် ကားဟာ တံတားပေါ်မှာ မီ းလောင်နေသလို မို င်းကွဲတဲ့ အသံတွေလည်း ကြား နေရပြီး
လ က်နက်ကြီးသံ(၂) ချက်လောက်ကြားရတဲ့အတွက် အပြင်ထွက်မရဲ သေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သားတွေဟာ မနက်(၇) နာရီအထိ မဲဇလီတံတားကို ဖြတ်သန်းခွင့်မပြုသေးသလို
စလင်းကံပြားဘက်က စစ်ကောင်စီရဲ့ စစ်ကူ တပ်သားတွေရောက် ရှိလာတယ်လို့ သိရပါတယ်။ဒီကြားဖြတ်တို က်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်ဆုံးရှုံးမှုအခြေအနေနဲ့
လူအသေအပျောက်အခြေအနေတွေကို သံလွင်တိုင်းမ် အနေနဲ့ စုံစမ်းနေပါတယ်။ သတင်း – သံလွင်တိုင်းမ် ယနေ့ နံနက် PDF များ လိုက်ပါသော ဖောကားကို စစ်တပ်မှ ဗိုလ်မှူး မင်းပိုင်စိုးအဖွဲ့က စစ်ဆေးစဉ် ပ စ်ခတ်မှုဖြစ်ပြီး
အပြန်အလှန် ပစ်ခတ်ကြကြောင်း ယာဉ်မှာ ပေါ က်ကွဲပျက်စီးသွားပြီး ကားပေါ်ပါ PDF ၁၂ ဦးကျဆုံးကြောင်း၊ ၃ ဦး အရှင်ဖမ်းမိသော်လည်း ၂ ဦးမှာ အသ က်အန္တရာယ် စိုးရိမ်ရ သည့်ဒဏ်ရာများရရှိကာ
အခြေအနေစိုးရိမ်ရကြောင်း၊ ပွင့်ဖြူမြို့နယ်ရဲမှူး ဝင်းဦးအဖွဲ့က လာရောက်စစ်ဆေးကြောင်း သိရှိရသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply