အငယ်ဆုံးက‌လေးလေးကို စက်ဘီးပေါ်တင်ပြီး တတ်သည့်ပညာလေးနဲ့ ဖျော်ဖြေရင်းကြိုးစားရုန်းကန်‌နေရတဲ့ ကလေး ၃ယောက်မိခင် မစံပယ်
တတ်တဲ့ ပညာလေးနဲ့ ဖျော်ဖြေရင်း စီးပွားရှာ‌နေတဲ့ ကလေး ၃ယောက် မိခင်ပါ။ ယောက်ျားဆုံးသွားပေမယ့် ကလေးတယောက်ကို ကျောင်းထား၊ ကလေးတယောက်ကို မိဘမဲ့ဂဟောအပ်ထားရလို့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပြန်ခေါ်နိုင်ဖို့ ကလေးအငယ်ဆုံးလေးကို စက်ဘီးပေါ်တင်ပြီး ကြိုးစားရုန်းကန်‌နေတဲ့ အမျိုးသမီးပါ။ အထည်ချုပ်စက်ရုံမှာလည်း အလုပ်လုပ်ခဲ့သလို ၊ တဗန်းကို ၁၂ကျပ်ပဲရတဲ့ ကျောက်သယ်တဲ့ အလုပ်လည်း လုပ်ခဲ့သူပါ။
မလောက်ငှတဲ့ လုပ်ခလစာကြောင့် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာပါ။ ဒါဟာ လှောင်ပြောင် စော်ကားစရာ မဟုတ်တဲ့ အလုပ်ပါ။ အဲ့ဒါအပြင် ဈေးပေးပြီး အတူအိပ်ဖို့ ခေါ်ရတဲ့ ဆ က် Worker လည်း မဟုတ်ပါဘူး။
ဆ က် Worker တွေကိုလည်း လေးစားကာကွယ်ရမယ့် လူ့ကျင့်ဝတ်တွေ ရှိကြပါတယ်။ စော်ကားမှုတွေ ရပ်ကြဖို့နဲ့ ဝိုင်းဝန်းကူညီ ကြရအောင်ပါ။အမျိုးသမီးအချင်းချင်း အားပေးကူညီဖို့
လိုသလို အမျိုးသားတွေကလည်း စောင့်ရှောက်ကူညီကြဖို့ လိုပါတယ်။ ဒီလိုနဲ့ တယောက်ထဲတင် မကဘဲ အမျိုးသမီးတိုင်းကို ကူညီစောင့်ရှောက်တဲ့အလေ့အကျင့်ရပြီး လုံခြုံတဲ့ပတ်ဝန်းကျင်ကို
ကျွန်မတို့ ကိုယ်တိုင် တည်ဆောက်နိုင်ပါတယ်။စော်ကားမှု ပုံစံမျိုးစုံ ကြုံတွေ့နေရပေမယ့် သားသမီးတွေ အတွက် အားတင်း ကြိုးစားနေတဲ့ မစံပယ်လေးပါ။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*