သူမ မရှိတော့တဲ့နောက် လူ့လောကအလယ်ကျန်ရစ်ခဲ့မယ့် သားသမီးလေးတွေရဲ့ နောင်ရေးအတွက် သေချာစီစဉ်ပေးခဲ့တဲ့ မာသထူးဝါးလေးရဲ့မိခင်

နော်မာသထူးဝါးလေးတို့ မိသားစုဟာ ထိုင်းနိုင်ငံ ဒု က္ခသည်စခန်းကနေတဆင့် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဖခင်ကြီး ဆုံ းပါးသွားတာကြောင့် မိခင်ကြီးနဲ့အတူ နေထိုင်ခဲ့ရတဲ့

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

မာသထူးဝါးတို့ မောင်နှမလေးတွေဟာ မကြာသေးမီကလည်း ချစ်လှစွာသောမိခင်ကြီးကို ဆုံ းရှုံးခဲ့ကြရပါတယ်။ မိခင်ကြီးမရှိတော့တာကြောင့် လောကအလယ်မှာ မိဘ မဲ့လေးတွေအဖြစ်ကျန်ခဲ့ကြရတော့မယ့်

သားသမီးလေးတွေအတွက် လူအများကလည်း စိတ်မကောင်းဝမ်းနည်း ဖြစ်နေကြပါတယ်။ ဒါပေမယ့်လည်း သားသမီးလေးတွေကိုအရမ်းတဲ့ မမိုင်ဟာ သားသမီးလေးတွေရဲ့ နောင်ရေးအတွက်အမျှော်အမြင်ကြီးကြီး

ထားခဲ့ပါတယ်။ သူမ မထွက်ခွါသွားခင်မှာ သူမရဲ့ သားသမီးလေးတွေရဲ့ နောင်ရေးအတွက်စနစ်တကျလေး စီစဉ်ပေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မမိုင် ဖြစ်စေချင်တဲ့ ဆန္ဒလေးအကြောင်းကို မမိုင်ရဲ့ သူငယ်ချင်းဖြစ်သူ

မမေရီနွမ်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာလေးပေါ်မှာ ဖော်ပြပေးထားပါတယ်။ ဖော်ပြချက်လေးအရ မမိုင်က သူမရဲ့ သမီးအကြီးလေး နော်မာသထူးဝါးလေးကို ကိုရီးယားမှာပဲ ကျောင်းတတ်အဆောင်နေစေချင်ပြီး၊

အနုပညာအလုပ်တွေ ဆက်ပြီး လုပ်သွားစေချင်တယ်လို့ သိရပါတယ်။ သူမရဲ့ သားလေးနှစ်ယောက်ကိုတော့ အဖိုးအဖွားတို့ရှိတဲ့ ဩစတေးလျကို သွားစေချင်တယ်လို့ သိရပါတယ်။ ထွက်မသွားခင်မှာ သားသမီးလေးတွေ

နောင်ရေး အဆင်ပြေနေစေဖို့ မမိုင်စီစဉ်ပေးဖြစ်ခဲ့တဲ့ အကြောင်းကို မမိုင်ရဲ့သူငယ်ချင်း မေရီနွမ်က လူမှုကွန်ယက်ထက်မှာ “Goodbye Ma Monတီတီမွန်။ က.ွယ်လွန်သူ မမိုင်ရဲ့ ညီမအငယ်ဆုံး မမွန် ၃ပတ်ခွင့်ရက်ပြည့်ပြီမို့

ကိုးရီးယားမှဩဇီကိုဒီနေ့ပြန်သွားပါပြီရှင်။ ကလေးတွေငယ်စဉ်ကတည်းက ထိုင်းမှာ ဒီအဒေါ်ရဲ့လက်ထဲကြီးလာကြတာမို့ ၆နှစ်ခွဲခွါခဲ့ကြပေမယ့် မြင်မြင်ချင်းချစ်ပြီးအရမ်းတွယ်တာကြတယ်လေ။ တီတီလေးပြုံးရင်

အမိုး(အမေ့)မျက်နှာနှင့်တူလို့ဆိုပြီး ကလေးတွေကရှုမဝ၊ ချွဲမဝ၊ သူ့အန်တီလေးကို ချစ်မဝဖြစ်နေကြတယ်။ တီတီမွန်က ၃ပတ်သာခွင့်ရပေမယ့် အဖိုးကတော့ ၃လနေသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သွက်သွက်လက်လက်

အဒေါ်အလတ် တီတီမွတ်ရယ်၊ သူ့သမီး၂ယောက်နှင့် မမိုင်ကလေး၂ယောက်ဟာ ဘူချွန်းမြို့ ဆိုဆာရပ်ကွက် (ကျမတို့ရပ်ကွက်)မှာ နေထိုင်ကြပါတယ်။ အလည်ဗီဇာ ၃လပြည့်လို့ အဖိုးပြန်သွားရင် အဖွါးလာဖို့ပြင်ဆင်နေပါတယ်။

ကလေးတွေ သူတို့ဆီ မရောက်မချင်းဖိုးဖိုး ဖွါးဖွါးက အလှည့်ကျလာနေပေးကြပါလိမ့်မယ်။ မမိုင်ရဲ့ဆန္ဒအတိုင်း နော်မာသလေးကတော့ ကိုးရီးယားမှာ အထက်တန်းကာလ ကျောင်းအဆောင်နေမယ်၊ ပညာဆက်သင်ရင်း

အနုပညာလုပ်ငန်းတွေ ဆက်လုပ်သွားပါလိမ့်မယ်။ သား ၂ယောက်ကတော့ အဖိုးအဖွါးအဒေါ်တို့ရှိရာ Australia ကိုသွားဖို့ပြင်ဆင်နေပါတယ်။ ကျောင်းပြောင်းရေး၊ မိသားစုလွှဲပြောင်းရေးစာရွက်စာတမ်းကိစ္စတွေက

၁နှစ်မှ ၄နှစ်ခန့်ကြာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပြပါတယ်။ ကိစ္စတွေက ထင်သလောက်မလွယ်ကူလှပါဘူး။ ကလေးတွေကို ချစ်ပေးကြသူ၊ စိတ်ဝင်စားပေးကြသူ၊ သတင်းမေးမြန်းကြသူ၊ ကူညီပေးကြသူ၊

ဆုတောင်းမေတ္တာပေးပို့နေကြသူ ကိုကို မမ ဦးဦးဒေါ်ဒေါ်တွေအားလုံးသို့ သိသင့်တဲ့သတင်းပေးရင်း၊ သူတို့တွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ရှင် Thanks for your love and care on them။

အကြောင်းအရာလေးတခု- June 5th Sunday ညက မမိုင်ရဲ့ကျန်ရစ်တဲ့တမိသားစုလုံးအိမ်အပြန်၊ လမ်းနားလေးမှာ ကြောင်ပိစိလေးတကောင် အကျယ်ကြီးအော်ငိုနေလို့ကြည့်ကြတယ်၊ သနားပေမယ့် သူများဟာထင်ပြီး

မကောက်ကြဘူး။ ဒီတိုင်းအိမ်ပြန်ကြတော့ မိသားစုသွားတဲ့နောက်ကို ကြောင်လေးကငိုပြီး အိမ်ဝအထိ သူ့ဟာသူလိုက်လာတယ်၊ ညဆိုမိုးရွာမှာမို့ သနားပြီး အိမ်ထဲတညသိပ်လိုက်ကြတယ်၊ နောက်နေ့ကျတော့

ပူစီလေးအိမ်ကနေမထွက်ချင်တော့ဘူး။ဒီလိုနဲ့ မွေးလိုက်ကြတယ်တဲ့ မမိုင်ရှိကတည်းက ကလေးတွေဟာ ခွေးနဲ့ကြောင် အရမ်းမွေးချင်နေကြတာမို့ ခုတော့အရမ်းပျော်နေကြတယ်။ အမေက ကလေးတွေလွမ်းနာမကျအောင်

စိတ်ဖြေဖို့လက်ဆောင်ပို့ပေးလိုက်တာများလားမသိတော့ပါဘူး။ မေရီနွမ်- ကိုးရီးယား June 20th 2022“ဆိုပြီး အခုလိုလေး အပြည့်အစုံ ဖော်ပြပေးထားပါတယ်။ သားသမီးလေးတွေကိုအရမ်းချစ်တဲ့ မမိုင်ရဲ့စေတနာလေးကတော့

တကယ်ကို မျက်ရည်ဝဲမိပါတယ်နော်။ မိခင်ကြီး ဖြစ်စေချင်တဲ့အတိုင်း မာသထူးဝါးလေးတစ်ယောကွ အောင်မြင်တဲ့အဆိုတော်ကြီး ဖြစ်လာဖို့ အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ျဖင့္ ဖတ္ရန္

ေနာ္မာသထူးဝါးေလးတို့ မိသားစုဟာ ထိုင္းနိုင္ငံ ဒု ကၡသည္စခန္းကေနတဆင့္ ေတာင္ကိုရီးယားနိုင္ငံကို ေရာက္ရွိခဲ့ၾကတာျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက ဖခင္ႀကီး ဆုံ းပါးသြားတာေၾကာင့္ မိခင္ႀကီးနဲ႔အတူ ေနထိုင္ခဲ့ရတဲ့

မာသထူးဝါးတို့ ေမာင္ႏွမေလးေတြဟာ မၾကာေသးမီကလည္း ခ်စ္လွစြာေသာမိခင္ႀကီးကို ဆုံ းရွုံးခဲ့ၾကရပါတယ္။ မိခင္ႀကီးမရွိေတာ့တာေၾကာင့္ ေလာကအလယ္မွာ မိဘ မဲ့ေလးေတြအျဖစ္က်န္ခဲ့ၾကရေတာ့မယ့္

သားသမီးေလးေတြအတြက္ လူအမ်ားကလည္း စိတ္မေကာင္းဝမ္းနည္း ျဖစ္ေနၾကပါတယ္။ ဒါေပမယ့္လည္း သားသမီးေလးေတြကိုအရမ္းတဲ့ မမိုင္ဟာ သားသမီးေလးေတြရဲ့ ေနာင္ေရးအတြက္အေမၽွာ္အျမင္ႀကီးႀကီး

ထားခဲ့ပါတယ္။ သူမ မထြက္ခြါသြားခင္မွာ သူမရဲ့ သားသမီးေလးေတြရဲ့ ေနာင္ေရးအတြက္စနစ္တက်ေလး စီစဥ္ေပးျဖစ္ခဲ့တယ္လို့ သိရပါတယ္။ မမိုင္ ျဖစ္ေစခ်င္တဲ့ ဆႏၵေလးအေၾကာင္းကို မမိုင္ရဲ့ သူငယ္ခ်င္းျဖစ္သူ

မေမရီႏြမ္က သူမရဲ့ လူမွုကြန္ရက္စာမ်က္ႏွာေလးေပၚမွာ ​ေဖာ္ျပေပးထားပါတယ္။ ေဖာ္ျပခ်က္ေလးအရ မမိုင္က သူမရဲ့ သမီးအႀကီးေလး ေနာ္မာသထူးဝါးေလးကို ကိုရီးယားမွာပဲ ေက်ာင္းတတ္အေဆာင္ေနေစခ်င္ၿပီး၊

အႏုပညာအလုပ္ေတြ ဆက္ၿပီး လုပ္သြားေစခ်င္တယ္လို႔ သိရပါတယ္။ သူမရဲ့ သားေလးႏွစ္ေယာက္ကိုေတာ့ အဖိုးအဖြားတို့ရွိတဲ့ ဩစေတးလ်ကို သြားေစခ်င္တယ္လို့ သိရပါတယ္။ ထြက္မသြားခင္မွာ သားသမီးေလး​ေတြ

​​ေနာင္ေရး အဆင္ေျပေနေစဖို့ မမိုင္စီစဥ္ေပးျဖစ္ခဲ့တဲ့ အေၾကာင္းကို မမိုင္ရဲ့သူငယ္ခ်င္း ေမရီႏြမ္က လူမႈကြန္ယက္ထက္မွာ “Goodbye Ma Monတီတီမြန္။ က.ြယ္လြန္သူ မမိုင္ရဲ့ ညီမအငယ္ဆုံး မမြန္ ၃ပတ္ခြင့္ရက္ျပည့္ၿပီမို့

ကိုးရီးယားမွဩဇီကိုဒီေန႔ျပန္သြားပါၿပီရွင္။ ကေလးေတြငယ္စဥ္ကတည္းက ထိုင္းမွာ ဒီအေဒၚရဲ့လက္ထဲႀကီးလာၾကတာမို့ ၆ႏွစ္ခြဲခြါခဲ့ၾကေပမယ့္ ျမင္ျမင္ခ်င္းခ်စ္ၿပီးအရမ္းတြယ္တာၾကတယ္ေလ။ တီတီေလးျပဳံးရင္

အမိုး(အေမ့)မ်က္ႏွာႏွင့္တူလို့ဆိုၿပီး ကေလးေတြကရွုမဝ၊ ခၽြဲမဝ၊ သူ႔အန္တီေလးကို ခ်စ္မဝျဖစ္ေနၾကတယ္။ တီတီမြန္က ၃ပတ္သာခြင့္ရေပမယ့္ အဖိုးကေတာ့ ၃လေနသြားမွာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သြက္သြက္လက္လက္

အေဒၚအလတ္ တီတီမြတ္ရယ္၊ သူ႔သမီး၂ေယာက္ႏွင့္ မမိုင္ကေလး၂ေယာက္ဟာ ဘူခၽြန္းၿမိဳ့ ဆိုဆာရပ္ကြက္ (က်မတို့ရပ္ကြက္)မွာ ေနထိုင္ၾကပါတယ္။ အလည္ဗီဇာ ၃လျပည့္လို့ အဖိုးျပန္သြားရင္ အဖြါးလာဖို့ျပင္ဆင္ေနပါတယ္။

ကေလးေတြ သူတို့ဆီ မေရာက္မခ်င္းဖိုးဖိုး ဖြါးဖြါးက အလွည့္က်လာေနေပးၾကပါလိမ့္မယ္။ မမိုင္ရဲ့ဆႏၵအတိုင္း ေနာ္မာသေလးကေတာ့ ကိုးရီးယားမွာ အထက္တန္းကာလ ေက်ာင္းအေဆာင္ေနမယ္၊ ပညာဆက္သင္ရင္း

အႏုပညာလုပ္ငန္းေတြ ဆက္လုပ္သြားပါလိမ့္မယ္။ သား ၂​ေယာက္ကေတာ့ အဖိုးအဖြါးအေဒၚတို့ရွိရာ Australia ကိုသြားဖို့ျပင္ဆင္ေနပါတယ္။ ေက်ာင္းေျပာင္းေရး၊ မိသားစုလႊဲေျပာင္းေရးစာရြက္စာတမ္းကိစၥေတြက

၁ႏွစ္မွ ၄ႏွစ္ခန႔္ၾကာနိုင္တယ္လို့ တာဝန္ရွိသူေတြကေျပာျပပါတယ္။ ကိစၥေတြက ထင္သေလာက္မလြယ္ကူလွပါဘူး။ ကေလးေတြကို ခ်စ္ေပးၾကသူ၊ စိတ္ဝင္စားေပးၾကသူ၊ သတင္းေမးျမန္းၾကသူ၊ ကူညီေပးၾကသူ၊

ဆုေတာင္းေမတၱာေပးပို့ေနၾကသူ ကိုကို မမ ဦးဦးေဒၚေဒၚေတြအားလုံးသို့ သိသင့္တဲ့သတင္းေပးရင္း၊ သူတို့ေတြကိုယ္စား ​ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္ရွင္ Thanks for your love and care on them။

အေၾကာင္းအရာေလးတခု- June 5th Sunday ညက မမိုင္ရဲ့က်န္ရစ္တဲ့တမိသားစုလုံးအိမ္အျပန္၊ လမ္းနားေလးမွာ ေၾကာင္ပိစိေလးတေကာင္ အက်ယ္ႀကီးေအာ္ငိုေနလို့ၾကည့္ၾကတယ္၊ သနားေပမယ့္ သူမ်ားဟာထင္ၿပီး

မေကာက္ၾကဘူး။ ဒီတိုင္းအိမ္ျပန္ၾကေတာ့ မိသားစုသြားတဲ့ေနာက္ကို ေၾကာင္ေလးကငိုၿပီး အိမ္ဝအထိ သူ႔ဟာသူလိုက္လာတယ္၊ ညဆိုမိုးရြာမွာမို့ သနားၿပီး အိမ္ထဲတညသိပ္လိုက္ၾကတယ္၊ ေနာက္ေန႔က်ေတာ့

ပူစီေလးအိမ္ကေနမထြက္ခ်င္ေတာ့ဘူး။ဒီလိုနဲ႔ ေမြးလိုက္ၾကတယ္တဲ့ မမိုင္ရွိကတည္းက ကေလးေတြဟာ ​ေခြးနဲ႔​ေၾကာင္ အရမ္းေမြးခ်င္ေနၾကတာမို့ ခုေတာ့အရမ္းေပ်ာ္ေနၾကတယ္။ အေမက ကေလးေတြလြမ္းနာမက်ေအာင္

စိတ္ေျဖဖို့လက္ေဆာင္ပို့ေပးလိုက္တာမ်ားလားမသိေတာ့ပါဘူး။ ေမရီႏြမ္- ကိုးရီးယား June 20th 2022“ဆိုၿပီး အခုလိုေလး အျပည့္အစုံ ေဖာ္ျပေပးထားပါတယ္။ သားသမီးေလးေတြကိုအရမ္းခ်စ္တဲ့ မမိုင္ရဲ့​​ေစတနာေလးကေတာ့

တကယ္ကို မ်က္ရည္ဝဲမိပါတယ္ေနာ္။ မိခင္ႀကီး ျဖစ္ေစခ်င္တဲ့အတိုင္း မာသထူးဝါးေလးတစ္ေယာကြ ​ေအာင္ျမင္တဲ့အဆိုေတာ္ႀကီး ျဖစ္လာဖို့ အခုအေၾကာင္းအရာေလးကို ေဝမၽွေပးလိုက္ပါတယ္။ ​​ေလးစားစြာျဖင့္ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*