ဘဝကိုအရှုံးမပေးဘဲ ရဲရဲရင့်ရင့်နဲ့ သမီးလေးကိုကျွေးမွေးစောင့်ရှောက်နေတဲ့ သဘင်သည် မနှင်းဆီကို ကူညီထောက်ပံ့ပေးခဲ့တဲ့ မိတ်ကပ် လင်းလင်း

မိတ်ဆွေတို့ရေ မိတ်ကပ်ပညာရှင် လင်းလင်းကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ စကားပြောဆိုရာမှာ ဟာသညဏ်ရွှင်ပြီး ချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ ပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့တဲ့

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) Videoကို အောက်ဆုံးတွင် ဖော်ပြထားသည်။ Videoကို အောက်ဆုံးတွင် ဖော်ပြထားသည်။

နိုင်ငံကျော်မိတ်ကပ်လင်းလင်းကတော့ ယခုအချိန်မှာ နေရာတစ်ခုထိ ရောက်ရှိအောင်မြင်နေတာပဲဖြစ်ပါတယ်။ မိတ်ကပ်ဖန်တီးရှင်အနေနဲ့ အနုပညာလမ်းပေါ် စတင်ရောက်ရှိခဲ့သော်လည်း

ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ အလှူအတန်းတွေဆိုရင်လည်း မကြာခဏဆိုသလို တတ်နိုင်သလောက် ပြုလုပ်လေ့ရှိတာကို တွေ့ရပါတယ်။ မိတ်ကပ် လင်းလင်းကတော့

မနေ့က ဇွန်လ (၂၀)ရက်နေ့မှာ သဘင်သည်မလေးမနှင်းဆီထံသွားရောက်ခဲ့ပါတယ်။ မနှင်းဆီကတော့ က.င်ဆာရော ဂါကြောင့် ရင်သ.ားတစ်ဖက်ကို ဖြ တ်ထားရပြီဒ သမီးလေးနဲ့အတူ မိသားစုဝမ်းရေးအတွက်

ရပ်ကွက်တကာ လှည့်လည်ကပြဖျော်ဖြေတဲ့ အလုပ်ကို လုပ်ကိုင်ပြီး ဝမ်းရေးဖြေရှင်းနေခဲ့တာပဲဖြစ်ပါတယ်။ လင်းလင်းကတော့ သူကိုယ်တိုင်ကိုယ်ကျ မနှင်းဆီရဲ့နေအိမ်ကို သွားရောက်ခဲ့ပြီး မနှင်းဆီရဲ့အလုပ်အတွက်

လိုအပ်တဲ့ပစ္စည်းလေးတွေကို သွားရောက်ထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။ လင်းလင်းကတော့ အခုလို ဘဝကို အရှုံးမပေးဘဲ ရဲရဲရင့်ရင့်နဲ့ သမီးလေးကိုကျွေးမွေးပြုစုစောင့်ရှောက်နေတဲ့ မနှင်းဆီကိုလေးစားတာကြောင့်

အခုလို ကူညီထောက်ပံ့လှူဒါန်းပေးခဲ့တာပါတဲ့။ မိတ်ဆွေတို့ရေ လင်းလင်းကတော့ သူမရဲ့ကောင်းမှုကုသိုလ်တွေကို ပရိသတ်တွေ ထပ်တူရရှိစေဖို့ ဗီဒီယိုလေးနဲ့အတူ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်








Be the first to comment

Leave a Reply

Your email address will not be published.


*