
Kiara Advani
Kiara Advani ပြောကြားခဲ့တာက “ကောလိပ်တုန်းက ကျွန်မသူငယ်ချင်းတွေနဲ့ကျွန်မ Dharamshala မှာရှိတဲ့ McLeod Ganj ကိုသွားခဲ့ကြတယ်။
အဲ့နေရာက ဟိုတယ်တစ်ခုမှာ ကျွန်မတို့တွေ လေးရက်လောက် ရေလည်းမရှိ၊ လျှပ်စစ်မီးလည်းမရှိပဲ နေခဲ့ကြရတာ။ အဲ့ဒေသတစ်ခုလုံး နှင်းတွေဖုံးလွှမ်းနေလို့ အပူချိန်ကလည်း အနုတ်ပြနေတဲ့အချိန်လေ။ ကျွန်မတို့မွှေးထားတဲ့မီးတောင် မကြာခင်ဆို သေတော့မယ်။
နောက်ဆုံးညကျတော့ ကျွန်မအခန်းထဲက ခုံတစ်ခုမီးစွဲပြီးလောင်နေရော၊ အဲ့ဒါကတော့ တကယ်သေလုနီးပါးဖြစ်ခဲ့တဲ့ အတွေ့အကြုံပါပဲ။ ကံကောင်းချင်တော့ ကျွန်မသူငယ်ချင်းတစ်ယောက်က အချိန်မီနိုးထလာနိုင်ပြီး ထအော်လိုက်တာ။ အဲ့
ဒါနဲ့ ကျွန်မတို့အားလုံး အိပ်ယာပေါ်က ခုန်ထွက်ပြီး ဆရာ(မ)တွေကို ခေါ်လိုက်နိုင်တယ်ပေါ့။ ဒီလိုနဲ့မှ သူတို့က တံခါးတွေလာဖွင့်ပေးကြတာ။ အဲ့အတွေ့အကြုံကတော့ တကယ် Trauma ရစရာပဲ။” လို့ ဖြစ်ပါတယ်။
Katrina Kaif
Katrina Kaif ကလည်း အင်တာဗျူးတစ်ခုမှာ “ကျွန်မရဟတ်ယာဉ်စီးဖူးတုန်းက အဲ့ရဟတ်ယာဉ်က အရမ်းတုန်ခါပြီး ရုတ်တရတ်အောက်ဘက်ကို ချက်ချင်းထိုးဆင်းသွားရော။
အဲ့အချိန်မှာ ဒါကကျွန်မဘဝရဲ့အဆုံးသတ်ပဲလို့ တွေးနေမိတာ။ နောက်ပြီး ကျွန်မစဉ်းစားနေမိတဲ့ တစ်ခုတည်းသောအရာကတော့ ‘ကျွန်မအမေ အဆင်ပြေပါစေလို့’ မျှော်လင့်နေမိတာပဲ။” လို့ဆိုခဲ့ဖူးပါတယ်။
Amitabh Bachchan
Amitabh Bachchan ကတော့ Coolie ဇာတ်ကားရိုက်ကူးနေတဲ့ အက်ရှင်ရိုက်ကွက်တစ်ခုမှာ အနာတရဖြစ်ခဲ့တာပါ။ သူဟာစတန့်တစ်ခုလုပ်ရင်း ဆိုးဆိုးဝါးဝါး အနာတရဖြစ်ခဲ့တာကြောင့် ချက်ချင်းပဲဆေးရုံခေါ်သွားခဲ့ရပါတယ်။
သူဟာ ဆေးကုသမှုများစွာခံယူခဲ့ရပြီး လနဲ့ချီ အနာမကျန်းဖြစ်ခဲ့ပါသေးတယ်။ သူဆေးရုံကဆင်းပြီး အိမ်ပြန်သွားနိုင်တဲ့ချိန်မှာ သူ့ပရိသတ်တွေဟာ ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။
Malaika Arora
Malaika Arora အနေနဲ့တော့ “တစ်ခါတစ်လေ ကျွန်မအဲ့ညကိုပဲ ပြန်တွေးနေမိတယ်။ အဲ့ညတုန်းက ကျွန်မအကြောင်းအရာနှစ်ခုပဲ ဆုတောင်းနေမိတာ။ ကျွန်မမသေချင်သေးဘူးဆိုတာနဲ့ ကျွန်မအမြင်အာရုံ မဆုံးရှုံးချင်ဘူးဆိုတာပဲ။
အဲ့အက်စီးဒန့်ဖြစ်တော့ ကျွန်မက အမေနဲ့ ကျွန်မသား Arhaan ကိုပဲ ခေါ်နေမိတယ်လို့ ကျွန်မကိုပြန်ပြောပြကြတယ်။” လို့ ပြန်ပြောပြထားတာပါ။
Hema Malini
ဝါရင့်သရုပ်ဆောင်ကတော့ ကားအက်စီးဒန့်နဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ သူ(မ)ရဲ့ Mercedes ကားဟာ တခြားကားနဲ့တိုက်မှုဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဒီအက်စီးဒန့်အပြီးမှာတော့ အနာတရဖြစ်ခဲ့တဲ့ သူ(မ)ကို ဆေးရုံပို့ထားရပါတယ်။
သူ့ခေါင်းမှာဒဏ်ရာတွေနဲ့ ဓာတ်ပုံတွေဟာလည်း လူမှုကွန်ယက်ပေါ်မှာ လူပြောများတဲ့အရာတစ်ခု ဖြစ်ခဲ့ပါသေးတယ်။
Amy Jackson
Tamil Action/Drama ဇာတ်ကားရိုက်ကူးစဉ်က Amy Jackson ဟာ သူ(မ)ရဲ့တွဲဖက်သရုပ်ဆောင် Karunakaran ကြောင့်သာ အသက်သေဆုံးနိုင်တဲ့ ပြုတ်ကျမှုဘေးရန်ကနေ လွတ်မြောင်နိုင်ခဲ့တာဖြစ်ပါတယ်။ “Udhay နဲ့ ကျွန်တော်က ဆိုင်ကယ်ပေါ်မှာ။ အဲ့အချိန် Amy က မောင်းနေတဲ့အခန်း။
ဒီအခန်းကို စရိုက်တဲ့အချိန် Amy က သူ့ဆိုင်ကယ်ကို ထိန်းမနိုင်ဖြစ်ပြီး အစွန်းဘက်ကို ပြေးထွက်သွားတာ။ အဲ့ဒါနဲ့ ကျွန်တော်က ဆိုင်ကယ်ပေါ်ကဆင်းပြီး သူ့ဆိုင်ကယ်အောက်မကျအောင် ထိန်းလိုက်နိုင်တာပါ။” လို့ မင်းသားဖြစ်သူက ဒီအဖြစ်အပျက်ကို ပြန်လည်ပြောပြခဲ့တာပါ။
Credit Shwengwegames
Zawgyi
Kiara Advani
Kiara Advani ေျပာၾကားခဲ့တာက “ေကာလိပ္တုန္းက ကြၽန္မသူငယ္ခ်င္းေတြနဲ႔ကြၽန္မ Dharamshala မွာ႐ွိတဲ့ McLeod Ganj ကိုသြားခဲ့ၾကတယ္။
အဲ့ေနရာက ဟိုတယ္တစ္ခုမွာ ကြၽန္မတို႔ေတြ ေလးရက္ေလာက္ ေရလည္းမ႐ွိ၊ လွ်ပ္စစ္မီးလည္းမ႐ွိပဲ ေနခဲ့ၾကရတာ။ အဲ့ေဒသတစ္ခုလုံး ႏွင္းေတြဖုံးလႊမ္းေနလို႔ အပူခ်ိန္ကလည္း အႏုတ္ျပေနတဲ့အခ်ိန္ေလ။ ကြၽန္မတို႔ေမႊးထားတဲ့မီးေတာင္ မၾကာခင္ဆို ေသေတာ့မယ္။
ေနာက္ဆုံးညက်ေတာ့ ကြၽန္မအခန္းထဲက ခုံတစ္ခုမီးစြဲၿပီးေလာင္ေနေရာ၊ အဲ့ဒါကေတာ့ တကယ္ေသလုနီးပါးျဖစ္ခဲ့တဲ့ အေတြ႕အၾကဳံပါပဲ။ ကံေကာင္းခ်င္ေတာ့ ကြၽန္မသူငယ္ခ်င္းတစ္ေယာက္က အခ်ိန္မီႏိုးထလာႏိုင္ၿပီး ထေအာ္လိုက္တာ။ အဲ့
ဒါနဲ႔ ကြၽန္မတို႔အားလုံး အိပ္ယာေပၚက ခုန္ထြက္ၿပီး ဆရာ(မ)ေတြကို ေခၚလိုက္ႏိုင္တယ္ေပါ့။ ဒီလိုနဲ႔မွ သူတို႔က တံခါးေတြလာဖြင့္ေပးၾကတာ။ အဲ့အေတြ႕အၾကဳံကေတာ့ တကယ္ Trauma ရစရာပဲ။” လို႔ ျဖစ္ပါတယ္။
Katrina Kaif
Katrina Kaif ကလည္း အင္တာဗ်ဴးတစ္ခုမွာ “ကြၽန္မရဟတ္ယာဥ္စီးဖူးတုန္းက အဲ့ရဟတ္ယာဥ္က အရမ္းတုန္ခါၿပီး ႐ုတ္တရတ္ေအာက္ဘက္ကို ခ်က္ခ်င္းထိုးဆင္းသြားေရာ။
အဲ့အခ်ိန္မွာ ဒါကကြၽန္မဘဝရဲ႕အဆုံးသတ္ပဲလို႔ ေတြးေနမိတာ။ ေနာက္ၿပီး ကြၽန္မစဥ္းစားေနမိတဲ့ တစ္ခုတည္းေသာအရာကေတာ့ ‘ကြၽန္မအေမ အဆင္ေျပပါေစလို႔’ ေမွ်ာ္လင့္ေနမိတာပဲ။” လို႔ဆိုခဲ့ဖူးပါတယ္။
Amitabh Bachchan
Amitabh Bachchan ကေတာ့ Coolie ဇာတ္ကား႐ိုက္ကူးေနတဲ့ အက္႐ွင္႐ိုက္ကြက္တစ္ခုမွာ အနာတရျဖစ္ခဲ့တာပါ။ သူဟာစတန္႔တစ္ခုလုပ္ရင္း ဆိုးဆိုးဝါးဝါး အနာတရျဖစ္ခဲ့တာေၾကာင့္ ခ်က္ခ်င္းပဲေဆး႐ုံေခၚသြားခဲ့ရပါတယ္။
သူဟာ ေဆးကုသမႈမ်ားစြာခံယူခဲ့ရၿပီး လနဲ႔ခ်ီ အနာမက်န္းျဖစ္ခဲ့ပါေသးတယ္။ သူေဆး႐ုံကဆင္းၿပီး အိမ္ျပန္သြားႏိုင္တဲ့ခ်ိန္မွာ သူ႕ပရိသတ္ေတြဟာ ဝမ္းသာေပ်ာ္႐ႊင္ခဲ့ရပါတယ္။
Malaika Arora
Malaika Arora အေနနဲ႔ေတာ့ “တစ္ခါတစ္ေလ ကြၽန္မအဲ့ညကိုပဲ ျပန္ေတြးေနမိတယ္။ အဲ့ညတုန္းက ကြၽန္မအေၾကာင္းအရာႏွစ္ခုပဲ ဆုေတာင္းေနမိတာ။ ကြၽန္မမေသခ်င္ေသးဘူးဆိုတာနဲ႔ ကြၽန္မအျမင္အာ႐ုံ မဆုံး႐ႈံးခ်င္ဘူးဆိုတာပဲ။
အဲ့အက္စီးဒန္႔ျဖစ္ေတာ့ ကြၽန္မက အေမနဲ႔ ကြၽန္မသား Arhaan ကိုပဲ ေခၚေနမိတယ္လို႔ ကြၽန္မကိုျပန္ေျပာျပၾကတယ္။” လို႔ ျပန္ေျပာျပထားတာပါ။
Hema Malini
ဝါရင့္သ႐ုပ္ေဆာင္ကေတာ့ ကားအက္စီးဒန္႔နဲ႔ ရင္ဆိုင္ခဲ့ရသူျဖစ္ပါတယ္။ သူ(မ)ရဲ႕ Mercedes ကားဟာ တျခားကားနဲ႔တိုက္မႈျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ဒီအက္စီးဒန္႔အၿပီးမွာေတာ့ အနာတရျဖစ္ခဲ့တဲ့ သူ(မ)ကို ေဆး႐ုံပို႔ထားရပါတယ္။
သူ႕ေခါင္းမွာဒဏ္ရာေတြနဲ႔ ဓာတ္ပုံေတြဟာလည္း လူမႈကြန္ယက္ေပၚမွာ လူေျပာမ်ားတဲ့အရာတစ္ခု ျဖစ္ခဲ့ပါေသးတယ္။
Amy Jackson
Tamil Action/Drama ဇာတ္ကား႐ိုက္ကူးစဥ္က Amy Jackson ဟာ သူ(မ)ရဲ႕တြဲဖက္သ႐ုပ္ေဆာင္ Karunakaran ေၾကာင့္သာ အသက္ေသဆုံးႏိုင္တဲ့ ျပဳတ္က်မႈေဘးရန္ကေန လြတ္ေျမာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ “Udhay နဲ႔ ကြၽန္ေတာ္က ဆိုင္ကယ္ေပၚမွာ။ အဲ့အခ်ိန္ Amy က ေမာင္းေနတဲ့အခန္း။
ဒီအခန္းကို စ႐ိုက္တဲ့အခ်ိန္ Amy က သူ႕ဆိုင္ကယ္ကို ထိန္းမႏိုင္ျဖစ္ၿပီး အစြန္းဘက္ကို ေျပးထြက္သြားတာ။ အဲ့ဒါနဲ႔ ကြၽန္ေတာ္က ဆိုင္ကယ္ေပၚကဆင္းၿပီး သူ႕ဆိုင္ကယ္ေအာက္မက်ေအာင္ ထိန္းလိုက္ႏိုင္တာပါ။” လို႔ မင္းသားျဖစ္သူက ဒီအျဖစ္အပ်က္ကို ျပန္လည္ေျပာျပခဲ့တာပါ။
Leave a Reply