စစ်ကိုင်းမြို့ရှိ တပ်မ ၃၃မှ မိန်းမ များကို တခုလပ်အဖြစ် ပို့ပေးလိုက်တဲ့ pdf များ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမကြီးအနီးရှိ နတ်ခရိုင်နှင့် လယ်ကြီးကျေးရွာ ကြားတွင် တပ်မ(၃၃)မှ ထွက်ခွာလာသော စစ်ကားတစ်စီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့မှ သိရသည်။

အဆိုပါ တိုက်ခိုက်မှူတွင် စစ်ကောင်စီတပ်သားငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးကပြောသည်။“စစ်ကိုင်း တပ်မ(၃၃)ကနေ စစ်သား ၃၀ ခန့်လိုက်ပါလာတဲ့စစ်ကားကို ငါးလုံးတွဲပဒေသာမိုင်းနဲ့ တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။

ကားကတော့ နေရာမှာတင်ရပ်သွားပြီး တော်တော်ကြီးပျက်စီးသွားတယ်။ စစ်ကောင်စီ တပ်သားငါးဦးသေဆုံးခဲ့တာကတော့ ကျနော်တို့ မျက်မြင်ပေါ့ဗျာ ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ပြန်လည်ပစ်ခတ်တာမျိုးတွေလုပ်ခဲ့ပါတယ်။

ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး။ မိုင်းမိ သွားတဲ့စစ်သားအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ခြေတော်ရာတပ်ကလာသယ်သွား တယ်” ဟု ကိုသက်ကြီးက မဇ္ဈိမကို ပြောသည်။

ထိုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် သရဲနီတပ်ဖွဲ့တို့ ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

စစ္ကိုင္းၿမိဳ႕ရွိ တပ္မ ၃၃မွ မိန္းမ မ်ားကို တခုလပ္အျဖစ္ ပို႔ေပးလိုက္တဲ့ pdf မ်ား

စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္၊ မုံ႐ြာ-မႏၲေလး လမ္းမႀကီးအနီးရွိ နတ္ခရိုင္ႏွင့္ လယ္ႀကီးေက်း႐ြာ ၾကားတြင္ တပ္မ(၃၃)မွ ထြက္ခြာလာေသာ စစ္ကားတစ္စီးကို ေဒသခံျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မ်ားမွ ဇန္နဝါရီလ ၁၇ ရက္ေန႕ မြန္းလြဲ ၂ နာရီအခ်ိန္က မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း Zero ေျပာက္က်ားတပ္ဖြဲ႕မွ သိရသည္။

အဆိုပါ တိုက္ခိုက္မႉတြင္ စစ္ေကာင္စီတပ္သားငါးဦးေသဆုံးၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ားရွိသည္ဟု Zero ေျပာက္က်ားတပ္ဖြဲ႕မွ ကိုသက္ႀကီးကေျပာသည္။“စစ္ကိုင္း တပ္မ(၃၃)ကေန စစ္သား ၃၀ ခန႔္လိုက္ပါလာတဲ့စစ္ကားကို ငါးလုံးတြဲပေဒသာမိုင္းနဲ႕ တိုက္ခိုက္ ခဲ့တာျဖစ္ပါတယ္။

ကားကေတာ့ ေနရာမွာတင္ရပ္သြားၿပီး ေတာ္ေတာ္ႀကီးပ်က္စီးသြားတယ္။ စစ္ေကာင္စီ တပ္သားငါးဦးေသဆုံးခဲ့တာကေတာ့ က်ေနာ္တို႔ မ်က္ျမင္ေပါ့ဗ်ာ ။ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဘက္က ျပန္လည္ပစ္ခတ္တာမ်ိဳးေတြလုပ္ခဲ့ပါတယ္။

က်ေနာ္တို႔ ရဲေဘာ္ေတြေတာ့ အထိအခိုက္မရွိပါဘူး။ မိုင္းမိ သြားတဲ့စစ္သားအေလာင္းေတြနဲ႕ ထိခိုက္ဒဏ္ရာရသူေတြကိုေတာ့ ေျခေတာ္ရာတပ္ကလာသယ္သြား တယ္” ဟု ကိုသက္ႀကီးက မဇၩိမကို ေျပာသည္။

ထိုတိုက္ခိုက္မႈကို Zero ေျပာက္က်ားတပ္ဖြဲ႕(ျမင္းၿခံ)ႏွင့္ သရဲနီတပ္ဖြဲ႕တို႔ ပူးေပါင္း၍တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*