
အနုပညာလောကထဲမှာ ဇာတ်ပို့ဇာတ်ရံကောင်း တစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး အခု နောက်ပိုင်းမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ယောက် ဖြစ်လို့နေခဲ့ပါပြီ။
စစ်တပ်အာဏာသိမ်းမှု စတင်ဖြစ်ပွားကတည်းက ပြည် သူလူထုနဲ့အမှန်တရားဘက်ကနေမားမားမတ်မတ်ရပ်လတည်ပေးခဲ့ပြီးဖြစ်စဉ်အစောပိုင်းကာလတွေမှာ ပြည်သူတွေနဲ့အတူ တစ်ရက်မပြတ် တို က်ပွဲဝင်ကာ ကို ပေါက် အပါအဝင် အနုပညာရှင်အချို့ CDMအရေးတက်ကြွ လှုပ်ရှားမှုကြောင့်စကစရဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခြင်းခံရပြီး ဘေးလွတ်ရာ လွတ်မြောက်နယ်မြေကို တိမ်း ရှောင်နေခဲ့ရတာပဲ ဖြစ်ပါတယ်။
ယခုလက်ရှိအချိန်ထိလဲ တော်လှန်ရေးမှာ တတ် အားသရွေ့ အစွမ်းကုန်ပါဝင်ပေးနေဆဲဖြစ်ပါတယ်။မ ကြာခဏဆိုသလိုလဲ ကိုပေါက်က လွတ်မြောက်နယ်မြေက ပုံရိပ်လေးလေးတွေကို အမှတ်တရ မျှဝေပေးလေ့ရှိပါတယ်။
ဒီတစ်ခေါက်မှာလဲ ကိုပေါက်က ကျနော် ရဲဘော်တွေနဲ့အတူတူရှိနေပါတယ်။သူတို့ နဲ့ကျနော် ကျနော်နဲ့သူတို့ အတူတူပါပဲ။ သူတို့က ကျနော်တို့ တူ၊ သူတို့ကကျနော်တို့ တူမ ပြီးတော့ သူတို့က ကျနော်တို့ သား သမီးတွေလည်းဖြစ်ပြန်တယ်။
သူတို့တွေရဲ့ တော်လှန်ရေးအောင်ချင်စိတ်ကသူတို့ရဲ့လုပ်ဆောင်ချက်ကိုကြည့်ရုံနဲ့ မျက်ရည်ကျမိတဲ့အထိပါပဲ။ တနေ့ကျရင် သူတို့အကြောင်းလေးတွေ အများကြီး ချရေးဖြစ်ပါအုံးမယ်။ ကျနော် မြန်မာ့မြေပေါ်မှာ သူတို့နဲ့အတူတူရှိတယ်။ဆိုပြီးရေးသားထားတာပဲ ဖြစ်ပါတယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
ကျနော်ကလည်းသူတို့၊သူတို့ကလည်း ကျနော်ပါပဲ လို့ သူ့ရဲ့ ရဲဘော်လေးတွေကို အမွန်းတင် ပြောဆိုလိုက်တဲ့ ကိုပေါက်
Leave a Reply