ကိုယ်စားနေတဲ့ အိုးဘဲဥ ကို အတုအစစ်မှန်းသိအောင် ခွခြားတက်ဖို့ ဖတ်သင့်ပါတယ်

မုန့်ဟင်းခါးထဲက အိုးဘဲဥဆိုတာ ဆိုင်စဖွင့်ကတည်းက ဟင်းရည် အိုးထဲကို ပြုတ်ပြီးသားတွေထည့်ရတာ။ ထည့်တဲ့ အခါမှာလဲ ဒါးနဲ့ စနစ်တကျလေး ပါးပါးလေး ဟက်ပြီးထည့်တတ်မှ ဒါမှ ဘဲဥဟာ အရည်ဆူတဲ့အခါ အနှစ်တွေထွက်ပြီး မကြေအောင်ရယ်၊ ဟင်းရည်အနှစ် ဝနေတဲ့ ကိုက်လိုက်ရင် မာတောက်တောက် နဲ့ ညက်ညက်လေး ဝါးလို့ကောင်းတဲ့ ဟင်းရည်အနှစ်ပြည့်ဝနေတဲ့ အိုးဘဲဥကောင်း တစ်လုံးရတာ။

ဆိုတော့ မုန့်ဟင်းခါးထဲ အခွံမခွာဘဲ ထည့်ပြုတ်တာတွေ။ ပြုတ်ပြီးသား ဘဲဥကို အိုးထဲပစ်ထည့်လိုက်တာတို့ ကို အိုးဘဲဥ မခေါ်ထိုက်ဘူး။ အမြင်အကပ်ဆုံးက ဘဲဥပြုတ်ကို အခွံခွာပြီး မုန့်ဖတ်ထည့်တော့မှ ထည့်ပြီး အပေါ်က အရည်ဆမ်းပေးလိုက်တာ။

ဘဲဥပြုတ်ကာလာ အဖြူရောင်နဲ့တင် ဖီးလ်က မလာတော့ဘူး။ အဲ့ဒါကို အိုးဘဲဥပြောရင် စိတ်ကပါ လိမ်လိုက်တယ်လို့ ခံစားရတယ်။ ဒီကြားထဲ ပြုတ်ထားတဲ့ ဘဲဥပြုတ်က အနှစ်က မကျက်တကျက်နဲ့ ဟက်ဖရိုက်ပုံစံ အနှစ်ပျော့ပျော့ဆို ဒေါသထွက်မဆုံးတော့ဘူး။

စိတ်တနုံနုံဖြစ်တဲ့အခါ ချက်ထားတဲ့ မုန့်ဟင်းခါးအရည်ကိုပါ ခံစားမှုက ဖီးကျဲကုန်ရော။ ဆိုတော့ မုန့်ဟင်းခါး အိုးဘဲဉနဲ့လို့ မှာတဲ့အခါ အမှန်အမှန်အတိုင်း မောင်လေးရေ အိုးဘဲဥတော့ မရှိဘူး။ ရွေးချယ်မှုအနေနဲ့ ဘဲဥပြုတ်ပဲ ရှိတယ်လို့ ပြောရောင်းကြစမ်းဘာ။

ဒါဆို ကျနော်တို့က မကြိုက်ရင် ပဲကပ်ကြော် ဖြစ်ဖြစ် ငါးဖယ်ဖြစ်ဖြစ်ရွေးစားမယ်။ ဒီတိုင်းပြည် ဒီလို ဖြစ်တာလဲမပြောနဲ့ အိုးဘဲဥက အစလိမ်ရောင်းချင်နေမှတော့ ဘယ်လာအရေးကောင်းမတုန်း။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ကိုယ္စားေနတဲ့ အိုးဘဲဥ ကို အတုအစစ္မွန္းသိေအာင္ ခြျခားတက္ဖို႔ ဖတ္သင့္ပါတယ္

မုန႔္ဟင္းခါးထဲက အိုးဘဲဥဆိုတာ ဆိုင္စဖြင့္ကတည္းက ဟင္းရည္ အိုးထဲကို ျပဳတ္ၿပီးသားေတြထည့္ရတာ။ ထည့္တဲ့ အခါမွာလဲ ဒါးနဲ႕ စနစ္တက်ေလး ပါးပါးေလး ဟက္ၿပီးထည့္တတ္မွ ဒါမွ ဘဲဥဟာ အရည္ဆူတဲ့အခါ အႏွစ္ေတြထြက္ၿပီး မေၾကေအာင္ရယ္၊ ဟင္းရည္အႏွစ္ ဝေနတဲ့ ကိုက္လိုက္ရင္ မာေတာက္ေတာက္ နဲ႕ ညက္ညက္ေလး ဝါးလို႔ေကာင္းတဲ့ ဟင္းရည္အႏွစ္ျပည့္ဝေနတဲ့ အိုးဘဲဥေကာင္း တစ္လုံးရတာ။

ဆိုေတာ့ မုန႔္ဟင္းခါးထဲ အခြံမခြာဘဲ ထည့္ျပဳတ္တာေတြ။ ျပဳတ္ၿပီးသား ဘဲဥကို အိုးထဲပစ္ထည့္လိုက္တာတို႔ ကို အိုးဘဲဥ မေခၚထိုက္ဘူး။ အျမင္အကပ္ဆုံးက ဘဲဥျပဳတ္ကို အခြံခြာၿပီး မုန႔္ဖတ္ထည့္ေတာ့မွ ထည့္ၿပီး အေပၚက အရည္ဆမ္းေပးလိုက္တာ။

ဘဲဥျပဳတ္ကာလာ အျဖဴေရာင္နဲ႕တင္ ဖီးလ္က မလာေတာ့ဘူး။ အဲ့ဒါကို အိုးဘဲဥေျပာရင္ စိတ္ကပါ လိမ္လိုက္တယ္လို႔ ခံစားရတယ္။ ဒီၾကားထဲ ျပဳတ္ထားတဲ့ ဘဲဥျပဳတ္က အႏွစ္က မက်က္တက်က္နဲ႕ ဟက္ဖရိုက္ပုံစံ အႏွစ္ေပ်ာ့ေပ်ာ့ဆို ေဒါသထြက္မဆုံးေတာ့ဘူး။

စိတ္တႏုံႏုံျဖစ္တဲ့အခါ ခ်က္ထားတဲ့ မုန႔္ဟင္းခါးအရည္ကိုပါ ခံစားမႈက ဖီးက်ဲကုန္ေရာ။ ဆိုေတာ့ မုန႔္ဟင္းခါး အိုးဘဲဉနဲ႕လို႔ မွာတဲ့အခါ အမွန္အမွန္အတိုင္း ေမာင္ေလးေရ အိုးဘဲဥေတာ့ မရွိဘူး။ ေ႐ြးခ်ယ္မႈအေနနဲ႕ ဘဲဥျပဳတ္ပဲ ရွိတယ္လို႔ ေျပာေရာင္းၾကစမ္းဘာ။

ဒါဆို က်ေနာ္တို႔က မႀကိဳက္ရင္ ပဲကပ္ေၾကာ္ ျဖစ္ျဖစ္ ငါးဖယ္ျဖစ္ျဖစ္ေ႐ြးစားမယ္။ ဒီတိုင္းျပည္ ဒီလို ျဖစ္တာလဲမေျပာနဲ႕ အိုးဘဲဥက အစလိမ္ေရာင္းခ်င္ေနမွေတာ့ ဘယ္လာအေရးေကာင္းမတုန္း။

Be the first to comment

Leave a Reply

Your email address will not be published.


*