ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသယလမ်းရှိ KBZ Bank ဒါးပြတိုက်မှုဖြစ်ပွား

ယနေ့ နေ့လည်ပိုင်းအချိန်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းအတွင်းရှိ ကမ္ဘောဇဘဏ် ဒါးပြတိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူများရဲ့ ကနဦးပြောဆိုချက်တွေအရ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ ဇန်နဝါရီလ ၁၇ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်အချိန်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“နေ့လည် ၁၂ နာရီဝန်းကျင်လောက်က ဆိပ်ကမ်းသာလမ်းထောင့်က ကမ္ဘောဇဘဏ် ဒါးပြတိုက်ခံရတာ။ ဒါးပြတိုက်တဲ့သူက ထွက်ပြေးတော့ အနီးဝန်းကျင်က ပြည်သူတွေက ဝိုင်းဖမ်းပေးခဲ့ကြတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။

ဒါးပြတိုက်မှုကျူးလွန်သူသည် ဘဏ်အတွင်း ‌ေ-နတ်အတုနဲ့ ဒါးမြှောင်ပြကာ ကောင်တာပေါ်မှ ငွေကျပ် သိန်း ၁၉၀ ယူဆောင်ထွက်ခွာစဉ် အနီးဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဘဏ်ဒါးပြတိုက်မှု အများအပြား ဖြစ်ပေါ်ခဲ့ပြီး ယခုဖြစ်စဉ်ကတော့ ကျူးလွန်သူကို လက်ရဖမ်းမိတဲ့ ပထမဆုံး ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ အနီးဝန်းကျင်က မျက်မြင်သက်သေ တချို့ကတော့ ယခုလို လူစည်ကားတဲ့ ရန်ကုန်မြို့လယ်မှာ ဒီလို လုပ်ရဲတာဟာ အတင့်ရဲလွန်းကြောင်း၊ ဒါးပြတွေကတော့ ရဲမှ ရဲပဲ” လို့ မှတ်ချက်ချသွားကြောင်း သိရပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ေက်ာက္တံတားၿမိဳ႕နယ္ ဆိပ္ကမ္းသယလမ္းရွိ KBZ Bank ဒါးျပတိုက္မႈျဖစ္ပြား

ယေန႕ ေန႕လည္ပိုင္းအခ်ိန္က ရန္ကုန္တိုင္း၊ ေက်ာက္တံတားၿမိဳ႕နယ္ ဆိပ္ကမ္းသာလမ္းအတြင္းရွိ ကေမာၻဇဘဏ္ ဒါးျပတိုက္ခံရမႈျဖစ္ပြားခဲ့တယ္လို႔ မ်က္ျမင္ေတြ႕ရွိသူမ်ားရဲ႕ ကနဦးေျပာဆိုခ်က္ေတြအရ သိရပါတယ္။

အဆိုပါျဖစ္စဥ္မွာ ယေန႕ ဇန္နဝါရီလ ၁၇ရက္ေန႕ ေန႕လည္ ၁၂နာရီဝန္းက်င္အခ်ိန္က ရန္ကုန္တိုင္း၊ ေက်ာက္တံတားၿမိဳ႕နယ္ ကုန္သည္လမ္းနဲ႕ ဆိပ္ကမ္းသာလမ္းေထာင့္ရွိ ကေမာၻဇဘဏ္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

“ေန႕လည္ ၁၂ နာရီဝန္းက်င္ေလာက္က ဆိပ္ကမ္းသာလမ္းေထာင့္က ကေမာၻဇဘဏ္ ဒါးျပတိုက္ခံရတာ။ ဒါးျပတိုက္တဲ့သူက ထြက္ေျပးေတာ့ အနီးဝန္းက်င္က ျပည္သူေတြက ဝိုင္းဖမ္းေပးခဲ့ၾကတယ္”လို႔ မ်က္ျမင္ေတြ႕ရွိသူတစ္ဦးက ဆိုပါတယ္။

ဒါးျပတိုက္မႈက်ဴးလြန္သူသည္ ဘဏ္အတြင္း ‌ေ-နတ္အတုနဲ႕ ဒါးျမႇောင္ျပကာ ေကာင္တာေပၚမွ ေငြက်ပ္ သိန္း ၁၉၀ ယူေဆာင္ထြက္ခြာစဥ္ အနီးဝန္းက်င္ရွိ ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

အာဏာသိမ္းမႈ ျဖစ္ပြားၿပီးေနာက္ ဘဏ္ဒါးျပတိုက္မႈ အမ်ားအျပား ျဖစ္ေပၚခဲ့ၿပီး ယခုျဖစ္စဥ္ကေတာ့ က်ဴးလြန္သူကို လက္ရဖမ္းမိတဲ့ ပထမဆုံး ျဖစ္စဥ္ပဲ ျဖစ္ပါတယ္။ အနီးဝန္းက်င္က မ်က္ျမင္သက္ေသ တခ်ိဳ႕ကေတာ့ ယခုလို လူစည္ကားတဲ့ ရန္ကုန္ၿမိဳ႕လယ္မွာ ဒီလို လုပ္ရဲတာဟာ အတင့္ရဲလြန္းေၾကာင္း၊ ဒါးျပေတြကေတာ့ ရဲမွ ရဲပဲ” လို႔ မွတ္ခ်က္ခ်သြားေၾကာင္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*