ဘယ်သူမှ အသိမပေးပဲ ချက်ချင်းကြီး မင်္ဂလာဆောင်လိုက်ရတဲ့ နောက်ကွယ်က အကြောင်းပြောလာတဲ့ အတ်စတာ

Myanmar Idol Season (3) ရဲ့ Winner တစ်ယောက်ဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပြိုင်ပွဲမှာ Winner ဆုကြီးရရှိပြီးနောက် အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလို့လာခဲ့တာ ဖြစ်ပါတယ်။ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပရိသတ်တွေအတွက် သီချင်းတွေကို အဆက် မပြတ်ဖန်တီးနေပြီး မရိုးနိုင်တဲ့ ဂီတလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေသူလေးတစ်ယောက် ဖြစ်ပါတယ်။

အက်စတာဒေါ့သ်ချင်းဆုန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၄) ရက်နေ့မှာတော့ သူမရဲ့ချစ်သူနဲ့ လက်ထပ်သွားခဲ့ပြီး တစ်အိုးတစ်အိမ်ဘဝကို တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။အက်စတာဒေါ့သ်ချင်းဆုန်က သူမအနေနဲ့ မင်္ဂ လာဆောင်မယ့်အကြောင်းအရင်းကို ချမပြခဲ့တဲ့အတွက် ပရိသတ်တွေက စိတ်မကျေနပ်မှုတွေဖြစ်ခဲ့ပြီး အက်စတာကလည်း သူမရဲ့အကြောင်းပြချက်ကို အခုလိုပဲ ပြောလာပါတယ်။

အက်စတာဒေါ့သ်ချင်းဆုန်က “Hello အမျိုးတို့အားလုံးမင်္ဂလာပါ ဆုန်ဆုန် ဘဝသစ်ထူထောင်တဲ့အချိန်မှာ အားလုံး Congratulations လုပ်ပေးလို့ ကိုကိုနဲ့အတူကျေးဇူးတင်ပါတယ် ကျွန်မတို့နှစ်ဦးရဲ့ Love Story အကြောင်းလေးကိုလည်း ချစ်တဲ့အမျိုးတွေပြောပြပေးပါ့မယ် မင်္ဂလာဆောင်ပွဲမလုပ်ခင် Public မချပြတာလည်း Privacy ထားချင်လို့ဖြစ်ပါတယ်။

Wedding ပုံလေးတွေလည်းအမှတ်တရဖြစ်အောင် တင်ပါ့မယ်နော် With Love BawiTha & Esther” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်။အက်စတာဒေါ့သ်ချင်းဆုန်က မင်္ဂလာဆောင်မယ့်ကိစ္စနဲ့ပတ် သက်ပြီး ပရိသတ်တွေကို ချပြခြင်းမရှိခဲ့တာ သူမတို့အတွက် Privacy ထားချင်လို့ဖြစ်တယ်လို့ ယဉ်ယဉ်ကျေးကျေးလေးပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

အက်စတာတို့ ဇနီးမောင်နှံနှစ်ယောက် နောက်နှစ်တွေများစွာတိုင် ပျော်ရွှင်စွာနဲ့ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ဘယ္သူမွ အသိမေပးပဲ ခ်က္ခ်င္းႀကီး မဂၤလာေဆာင္လိုက္ရတဲ့ ေနာက္ကြယ္က အေၾကာင္းေျပာလာတဲ့ အတ္စတာ

Myanmar Idol Season (3) ရဲ႕ Winner တစ္ေယာက္ျဖစ္တဲ့ အက္စတာေဒါ့သ္ခ်င္းဆုန္ကေတာ့ ၿပိဳင္ပြဲမွာ Winner ဆုႀကီးရရွိၿပီးေနာက္ အႏုပညာလမ္းေၾကာင္းေပၚကို ေရာက္ရွိလို႔လာခဲ့တာ ျဖစ္ပါတယ္။ အက္စတာေဒါ့သ္ခ်င္းဆုန္ကေတာ့ ပရိသတ္ေတြအတြက္ သီခ်င္းေတြကို အဆက္ မျပတ္ဖန္တီးေနၿပီး မရိုးနိုင္တဲ့ ဂီတလႈပ္ရွားမႈေတြကို ခ်ျပဖို႔ ႀကိဳးစားေနသူေလးတစ္ေယာက္ ျဖစ္ပါတယ္။

အက္စတာေဒါ့သ္ခ်င္းဆုန္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ (၄) ရက္ေန႕မွာေတာ့ သူမရဲ႕ခ်စ္သူနဲ႕ လက္ထပ္သြားခဲ့ၿပီး တစ္အိုးတစ္အိမ္ဘဝကို တည္ေဆာက္ခဲ့တာပဲျဖစ္ပါတယ္။အက္စတာေဒါ့သ္ခ်င္းဆုန္က သူမအေနနဲ႕ မဂၤ လာေဆာင္မယ့္အေၾကာင္းအရင္းကို ခ်မျပခဲ့တဲ့အတြက္ ပရိသတ္ေတြက စိတ္မေက်နပ္မႈေတြျဖစ္ခဲ့ၿပီး အက္စတာကလည္း သူမရဲ႕အေၾကာင္းျပခ်က္ကို အခုလိုပဲ ေျပာလာပါတယ္။

အက္စတာေဒါ့သ္ခ်င္းဆုန္က “Hello အမ်ိဳးတို႔အားလုံးမဂၤလာပါ ဆုန္ဆုန္ ဘဝသစ္ထူေထာင္တဲ့အခ်ိန္မွာ အားလုံး Congratulations လုပ္ေပးလို႔ ကိုကိုနဲ႕အတူေက်းဇူးတင္ပါတယ္ ကြၽန္မတို႔ႏွစ္ဦးရဲ႕ Love Story အေၾကာင္းေလးကိုလည္း ခ်စ္တဲ့အမ်ိဳးေတြေျပာျပေပးပါ့မယ္ မဂၤလာေဆာင္ပြဲမလုပ္ခင္ Public မခ်ျပတာလည္း Privacy ထားခ်င္လို႔ျဖစ္ပါတယ္။

Wedding ပုံေလးေတြလည္းအမွတ္တရျဖစ္ေအာင္ တင္ပါ့မယ္ေနာ္ With Love BawiTha & Esther” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အသိေပးလာပါတယ္။အက္စတာေဒါ့သ္ခ်င္းဆုန္က မဂၤလာေဆာင္မယ့္ကိစၥနဲ႕ပတ္ သက္ၿပီး ပရိသတ္ေတြကို ခ်ျပျခင္းမရွိခဲ့တာ သူမတို႔အတြက္ Privacy ထားခ်င္လို႔ျဖစ္တယ္လို႔ ယဥ္ယဥ္ေက်းေက်းေလးေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။

အက္စတာတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ ေနာက္ႏွစ္ေတြမ်ားစြာတိုင္ ေပ်ာ္႐ႊင္စြာနဲ႕ ေပါင္းဖက္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Be the first to comment

Leave a Reply

Your email address will not be published.


*