သမိုင်းမှာ ဘုရင်တွေ အသုံးမကျလို့ သူရဲကောင်းများ ဆုံးရှုံးခဲ့ရပုံကို ဖျောက်ဖျက်ထားပုံများ

ဘကြီးတော် လက်ထက်မှာ ရှင်မဖြူကျွန်းကိစ္စနဲ့ ပတ် သက်ပြီး အင်္ဂလိပ်နဲ့ ပထမဆုံး စစ်စဖြစ်တယ်။ မဟာဗန္ဓုလကိုယ်တိုင်ပဲ နတ်မြစ်ဝအထိ စစ်ချီပြီး ထွက်တိုက်တယ်။ အင်္ဂလိပ်တွေ တပ်လှန်တော့ ပန်းဝါအထိ ဆုတ်ပေးရတယ်။ ပန်းဝါအထိ လိုက်တိုက်တယ်။ ပန်းဝါကို ရလိုက်တယ်။ ဘကြီးတော်တို့က စစ်တကောင်းထိ ဆက်သိမ်းစေချင်တယ်။ စစ်တကောင်းကနေ ကာလကတ္တားအထိပေါ့။မဟာဗန္ဓုလ က အင်္ဂလိပ်ရဲ့အကြံကိုသိတော့ စစ်တကောင်းအထိ လိုက်မတိုက်ဘူး။ ပေခံနေတယ်။ သူ့စိတ်ထဲမှာ ရန်ကုန်ကို ကာကွယ်ဖို့ပဲ စိတ်ရောက်နေတယ်။ ရန်သူရဲ့ ရေတပ်ကောင်းတာကို သိတယ်။ ဒါကြောင့် ဘုရင့်ဆီ အထပ်ထပ်လှမ်းမှာတယ်။

ရန်ကုန်ကို အခိုင်အမာလုပ်ပါ.. ရန်ကုန်ကို လာပါလိမ့်မယ်။ ဘုရင်က ဂရုမစိုက်ဘူး။ အင်းဝမှာ မယ်နုနဲ့ နှပ်နေတယ်။ ဘုရားတည်သလိုလို ကျောင်းဆောက်သလိုလို အနုပညာချစ်သလိုလုပ်တယ်။ရန်ကုန်ကို အင်္ဂလိပ်က တကယ်လာတိုက်မှ အထိတ်အထိတ် အလန့်လန့်နဲ့ မဟာဗန္ဓုလကို ဇွတ်ပြန်ခေါ်တယ်။ အောက်ခြေစစ် သားဘဝကနေ စစ်သေနာ ပတိချုပ်ထိ အဆင့်ဆင့်ထိတက်လာတဲ့ မဟာဗန္ဓုလခင်ဗျာဂန်းတိဂန်းတမ်း ဘုရင်ရဲ့ နေပြည်တော်က ညွှန်ကြားစာတွေကို လိုက်လုပ်ရတာ ဘယ်လောက် ကျက်သရေတုံးလိုက်မလဲ။

သမိုင်းဟာ သင်ခန်းစာဖြစ်စေတယ်။ တချို့အရာတွေက ကိုယ့်မှာ အာဏာရှိနေရင် ကယ်လို့ရတာ လုပ်နိုင်တာ အများကြီးဆိုတာ.. သမိုင်းက ပြတယ်။ မဟာဗန္ဓုလ သာ.. ဘုရင်ဖြစ်ခဲ့ရင်..? သမိုင်းက တဖုံ လှသွားနိုင်တာပဲ..။ ထားတော့..။ မဟာဗန္ဓုလကြီးလည်း မနားနိုင်ရှာ။ ပန်းဝါကနေ ရန်ကုန်အထိ အပြင်းချီရရှာတယ်။ မိုးတွင်းကာလတကယ့်ဝါဆို၊ ဝါခေါင် ရေဖောင် ဖောင် အချိန်ကြီး..။ ပန်းဝါလိုနေရာမျိုးကနေ ရန်ကုန်ကို ချီရတာ စဉ်းစားသာကြည့်။

ဒါပေမယ့် စစ်သူကြီးကောင်း ပီသရှာပါတယ်။ စစ်ပန်းနေတဲ့ကြားထဲက သူ့ခင်ဗျာ.. ဓနုဖြူလိုခံတပ်ကြီးကို တည်သွားခဲ့ရှာသေးတယ်။ ဓနုဖြူတိုက်ပွဲမှာ အင်အားမမျှတဲ့ ရန်သူကို ကြံ့ကြံ့ခံရင်း အသက်ပေးသွားခဲ့ရတယ်။ ဒါပေမယ့်သူနဲ့ရင်ဆိုင်ခဲ့ရတဲ့ အင်္ဂလိပ်တွေက တော့ မဟာဗန္ဓုလကို စစ်သူကြီးဟန်နီဘောလို့ ဂုဏ်ပြုသွားခဲ့ကြတယ်။

သမိုင်းသင်ရတဲ့အချိန်မှာ မဟာဗန္ဓုလဟာ ဗုံးဆံ၊ အ မြောက်ဆံကြောင့် အသက်ပေးသွားရတယ်လို့ပဲပေါ့ပျက်ပျက် သင်ရတယ်။ တိုင်းပြည်အတွက် အသက်ပေးရဲတယ်ဆိုတဲ့ ဂျင်းကိုထည့်တယ်။ ဒီလောက်တော်တဲ့ သူရဲကောင်းမျိုး၊ စစ်သူကြီးမျိုးကို ဘာကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှူံးရလဲဆိုတာ မသင်ဘူး။ ခေါင်း ဆောင်ဖြစ်တဲ့ ဘုရင်ရဲ့ညံ့ဖျင်းမှုကို မသင်ဘူး။ ဘကြီးတော် ကျက်သရေယုတ်တာ တစက်မှမပါဘူး။ သမိုင်းဆိုတာ.. သင်ခန်းစာယူရအောင် နိုင်ခဲ့သမျှ ရှုံးခဲ့သမျှကို ချိန်ထိုးတွက်ဆနိုင်အောင် သင်ပေးရတဲ့ ဘာသာရပ်ပါ။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

သမိုင္းမွာ ဘုရင္ေတြ အသုံးမက်လိဳ႕ သူရဲေကာင္းမ်ား ဆုံးရႈံးခဲ့ရပုံကို ေဖ်ာက္ဖ်က္ထားပုံမ်ား

ဘႀကီးေတာ္ လက္ထက္မွာ ရွင္မျဖဴကြၽန္းကိစၥနဲ႕ ပတ္ သက္ၿပီး အဂၤလိပ္နဲ႕ ပထမဆုံး စစ္စျဖစ္တယ္။ မဟာဗႏၶဳလကိုယ္တိုင္ပဲ နတ္ျမစ္ဝအထိ စစ္ခ်ီၿပီး ထြက္တိုက္တယ္။ အဂၤလိပ္ေတြ တပ္လွန္ေတာ့ ပန္းဝါအထိ ဆုတ္ေပးရတယ္။ ပန္းဝါအထိ လိုက္တိုက္တယ္။ ပန္းဝါကို ရလိုက္တယ္။ ဘႀကီးေတာ္တို႔က စစ္တေကာင္းထိ ဆက္သိမ္းေစခ်င္တယ္။ စစ္တေကာင္းကေန ကာလကတၱားအထိေပါ့။မဟာဗႏၶဳလ က အဂၤလိပ္ရဲ႕အႀကံကိုသိေတာ့ စစ္တေကာင္းအထိ လိုက္မတိုက္ဘူး။ ေပခံေနတယ္။ သူ႕စိတ္ထဲမွာ ရန္ကုန္ကို ကာကြယ္ဖို႔ပဲ စိတ္ေရာက္ေနတယ္။ ရန္သူရဲ႕ ေရတပ္ေကာင္းတာကို သိတယ္။ ဒါေၾကာင့္ ဘုရင့္ဆီ အထပ္ထပ္လွမ္းမွာတယ္။

ရန္ကုန္ကို အခိုင္အမာလုပ္ပါ.. ရန္ကုန္ကို လာပါလိမ့္မယ္။ ဘုရင္က ဂ႐ုမစိုက္ဘူး။ အင္းဝမွာ မယ္ႏုနဲ႕ ႏွပ္ေနတယ္။ ဘုရားတည္သလိုလို ေက်ာင္းေဆာက္သလိုလို အႏုပညာခ်စ္သလိုလုပ္တယ္။ရန္ကုန္ကို အဂၤလိပ္က တကယ္လာတိုက္မွ အထိတ္အထိတ္ အလန႔္လန႔္နဲ႕ မဟာဗႏၶဳလကို ဇြတ္ျပန္ေခၚတယ္။ ေအာက္ေျခစစ္ သားဘဝကေန စစ္ေသနာ ပတိခ်ဳပ္ထိ အဆင့္ဆင့္ထိတက္လာတဲ့ မဟာဗႏၶဳလခင္ဗ်ာဂန္းတိဂန္းတမ္း ဘုရင္ရဲ႕ ေနျပည္ေတာ္က ၫႊန္ၾကားစာေတြကို လိုက္လုပ္ရတာ ဘယ္ေလာက္ က်က္သေရတုံးလိုက္မလဲ။

သမိုင္းဟာ သင္ခန္းစာျဖစ္ေစတယ္။ တခ်ိဳ႕အရာေတြက ကိုယ့္မွာ အာဏာရွိေနရင္ ကယ္လို႔ရတာ လုပ္နိုင္တာ အမ်ားႀကီးဆိုတာ.. သမိုင္းက ျပတယ္။ မဟာဗႏၶဳလ သာ.. ဘုရင္ျဖစ္ခဲ့ရင္..? သမိုင္းက တဖုံ လွသြားနိုင္တာပဲ..။ ထားေတာ့..။ မဟာဗႏၶဳလႀကီးလည္း မနားနိုင္ရွာ။ ပန္းဝါကေန ရန္ကုန္အထိ အျပင္းခ်ီရရွာတယ္။ မိုးတြင္းကာလတကယ့္ဝါဆို၊ ဝါေခါင္ ေရေဖာင္ ေဖာင္ အခ်ိန္ႀကီး..။ ပန္းဝါလိုေနရာမ်ိဳးကေန ရန္ကုန္ကို ခ်ီရတာ စဥ္းစားသာၾကည့္။

ဒါေပမယ့္ စစ္သူႀကီးေကာင္း ပီသရွာပါတယ္။ စစ္ပန္းေနတဲ့ၾကားထဲက သူ႕ခင္ဗ်ာ.. ဓႏုျဖဴလိုခံတပ္ႀကီးကို တည္သြားခဲ့ရွာေသးတယ္။ ဓႏုျဖဴတိုက္ပြဲမွာ အင္အားမမွ်တဲ့ ရန္သူကို ႀကံ့ႀကံ့ခံရင္း အသက္ေပးသြားခဲ့ရတယ္။ ဒါေပမယ့္သူနဲ႕ရင္ဆိုင္ခဲ့ရတဲ့ အဂၤလိပ္ေတြက ေတာ့ မဟာဗႏၶဳလကို စစ္သူႀကီးဟန္နီေဘာလို႔ ဂုဏ္ျပဳသြားခဲ့ၾကတယ္။

သမိုင္းသင္ရတဲ့အခ်ိန္မွာ မဟာဗႏၶဳလဟာ ဗုံးဆံ၊ အ ေျမာက္ဆံေၾကာင့္ အသက္ေပးသြားရတယ္လို႔ပဲေပါ့ပ်က္ပ်က္ သင္ရတယ္။ တိုင္းျပည္အတြက္ အသက္ေပးရဲတယ္ဆိုတဲ့ ဂ်င္းကိုထည့္တယ္။ ဒီေလာက္ေတာ္တဲ့ သူရဲေကာင္းမ်ိဳး၊ စစ္သူႀကီးမ်ိဳးကို ဘာေၾကာင့္ မဆုံးရႈံးသင့္ဘဲ ဆုံးရႉံးရလဲဆိုတာ မသင္ဘူး။ ေခါင္း ေဆာင္ျဖစ္တဲ့ ဘုရင္ရဲ႕ညံ့ဖ်င္းမႈကို မသင္ဘူး။ ဘႀကီးေတာ္ က်က္သေရယုတ္တာ တစက္မွမပါဘူး။ သမိုင္းဆိုတာ.. သင္ခန္းစာယူရေအာင္ နိုင္ခဲ့သမွ် ရႈံးခဲ့သမွ်ကို ခ်ိန္ထိုးတြက္ဆနိုင္ေအာင္ သင္ေပးရတဲ့ ဘာသာရပ္ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*