
ဒီဓာတ်ပုံတွေက ခန့်မှန်းချေ၊၁၉၆၂ ခုနဲ့ ၁၉၇၂ လောက်အကြားက နေ့စဉ်သတင်းစာတွေမှာပါတဲ့ ဖြစ်ရပ် မှန်သတင်း ဓာတ်ပုံတွေပါ။အဲခေတ် ၁၉၆၃-၆၆ ခုနှစ်လောက်က သမဝါယမခွဲတမ်းအကောင်းစားမှန်သမျှ သူတို့ချည်းယူတဲ့ အိမ်ခေါင်းရင်းက ငါးဦးကော်မီတီလူကြီး (အမည်အရင်း နဲ့ကောင်းစွာမှတ်မိနေ) ခဏ ခဏ စကားများ ခဲ့ရတာ သတိရနေသေးတယ်။ တောင်ဥက္ကလာဆယ်ရပ်ကွက်မှာ။
အဲဒီခေတ်က ဓာတ်မီးထိုးဖို့၊ ထရန်စစ္စတာ ရေဒီယိုလေးတွေ ဖွင့်ဖို့ ခုအချိန်အခါ မှာဘယ်မှာဝယ်ဝယ် ပေါခြင်းသောခြင်း ဝယ်လို့ရနေတဲ့ ဓာတ်ခဲခြောက်လေးတွေ၊ လက်ဆွဲ ရေဒီယိုလေးတွေ၊ အင်္ကျီချုပ်ဖို့ ပိတ်စလေး နဲ့ ရေနွေးကြမ်းထဲ ခပ်သောက်တဲ့ လက်ဖက်က်ခြောက်ကအစ (ပြောရရင် လူသုံးကုန် ပစ္စည်းအားလုံးနီးပါး) ခွင့် ပြုချက်မဲ့ လက်ဝယ်တွေ့ရင် ဥပဒေဖေါက်ဖျက်မှု၊ ပြည် သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ ၆ (၁) နဲ့ အ ရေးယူခံရပါတယ်။
အရေးယူ မခံချင်ရင်တော့ ပိုင်ရှင်မဲ့ (ပစ္စည်းတော့ သိမ်း) ညှိပေါ့ ၊ ခုခေတ်ခလေးတွေ ဒီပို့စ်ကို ပုံတွေမပါဘဲဖတ်မိရင် ဘိုးတော် ဘီးကျဲ ရွှီးနေတာလို့ ထင်ကြပါလိမ့်မယ် ၊ တခါကျနော်တင်တဲ့ပို့စ် ထိုင်းဘတ်ဈေး တက်လို့ တဘတ်ကို ပြားငါးဆယ် (တကျပ်ရဲ့ တဝက်) ဖြစ်သွားတယ်ဆိုတဲ့သ တင်းစာဖြတ်ပိုင်းလေးတုန်းကလဲ မယုံနိုင်ကြဘူးတဲ့လေ။
နိုင်ငံတကာနဲ့ တံခါးပိတ်ဆိုရှယ်လစ်ဝါဒ အောက်မှာ ကျနော်တို့ အဲလိုနေခဲ့ကြရ ပြီးပါပြီ၊ ကျနော်တို့ အဲလိုပြန်မနေချင်တော့ပါဘူး၊ အထူးသဖြင့် ကျနော်တို့ရဲ့ သားမြေးမြစ်တွေကို အဲလိုမထားခဲ့ချင်ပါဘူး။
ကျနော်တို့ ကြိုးစားကြရမှာပါ ။ ပုံအောက်မှာ ခုခေတ်လူငယ်တွေ အတွက် ကပ်ပရှင်လေးတွေ ပါပါတယ်၊ ဓာတ်ပုံများအတွက် ကျေးဇူးပါ။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
ယေန႕ေခတ္လူငယ္ေတြမျမင္ရ မႀကဳံလိုက္ရေသာ ဆိုရွယ္လစ္ေခတ္ ပုံရိပ္မ်ား
ဒီဓာတ္ပုံေတြက ခန႔္မွန္းေခ်၊၁၉၆၂ ခုနဲ႕ ၁၉၇၂ ေလာက္အၾကားက ေန႕စဥ္သတင္းစာေတြမွာပါတဲ့ ျဖစ္ရပ္ မွန္သတင္း ဓာတ္ပုံေတြပါ။အဲေခတ္ ၁၉၆၃-၆၆ ခုႏွစ္ေလာက္က သမဝါယမခြဲတမ္းအေကာင္းစားမွန္သမွ် သူတို႔ခ်ည္းယူတဲ့ အိမ္ေခါင္းရင္းက ငါးဦးေကာ္မီတီလူႀကီး (အမည္အရင္း နဲ႕ေကာင္းစြာမွတ္မိေန) ခဏ ခဏ စကားမ်ား ခဲ့ရတာ သတိရေနေသးတယ္။ ေတာင္ဥကၠလာဆယ္ရပ္ကြက္မွာ။
အဲဒီေခတ္က ဓာတ္မီးထိုးဖို႔၊ ထရန္စစၥတာ ေရဒီယိုေလးေတြ ဖြင့္ဖို႔ ခုအခ်ိန္အခါ မွာဘယ္မွာဝယ္ဝယ္ ေပါျခင္းေသာျခင္း ဝယ္လို႔ရေနတဲ့ ဓာတ္ခဲေျခာက္ေလးေတြ၊ လက္ဆြဲ ေရဒီယိုေလးေတြ၊ အကၤ်ီခ်ဳပ္ဖို႔ ပိတ္စေလး နဲ႕ ေရေႏြးၾကမ္းထဲ ခပ္ေသာက္တဲ့ လက္ဖက္က္ေျခာက္ကအစ (ေျပာရရင္ လူသုံးကုန္ ပစၥည္းအားလုံးနီးပါး) ခြင့္ ျပဳခ်က္မဲ့ လက္ဝယ္ေတြ႕ရင္ ဥပေဒေဖါက္ဖ်က္မႈ၊ ျပည္ သူပိုင္ပစၥည္းကာကြယ္ေရးဥပေဒ ပုဒ္မ ၆ (၁) နဲ႕ အ ေရးယူခံရပါတယ္။
အေရးယူ မခံခ်င္ရင္ေတာ့ ပိုင္ရွင္မဲ့ (ပစၥည္းေတာ့ သိမ္း) ညွိေပါ့ ၊ ခုေခတ္ခေလးေတြ ဒီပို႔စ္ကို ပုံေတြမပါဘဲဖတ္မိရင္ ဘိုးေတာ္ ဘီးက်ဲ ႐ႊီးေနတာလို႔ ထင္ၾကပါလိမ့္မယ္ ၊ တခါက်ေနာ္တင္တဲ့ပို႔စ္ ထိုင္းဘတ္ေဈး တက္လို႔ တဘတ္ကို ျပားငါးဆယ္ (တက်ပ္ရဲ႕ တဝက္) ျဖစ္သြားတယ္ဆိုတဲ့သ တင္းစာျဖတ္ပိုင္းေလးတုန္းကလဲ မယုံနိုင္ၾကဘူးတဲ့ေလ။
နိုင္ငံတကာနဲ႕ တံခါးပိတ္ဆိုရွယ္လစ္ဝါဒ ေအာက္မွာ က်ေနာ္တို႔ အဲလိုေနခဲ့ၾကရ ၿပီးပါၿပီ၊ က်ေနာ္တို႔ အဲလိုျပန္မေနခ်င္ေတာ့ပါဘူး၊ အထူးသျဖင့္ က်ေနာ္တို႔ရဲ႕ သားေျမးျမစ္ေတြကို အဲလိုမထားခဲ့ခ်င္ပါဘူး။
က်ေနာ္တို႔ ႀကိဳးစားၾကရမွာပါ ။ ပုံေအာက္မွာ ခုေခတ္လူငယ္ေတြ အတြက္ ကပ္ပရွင္ေလးေတြ ပါပါတယ္၊ ဓာတ္ပုံမ်ားအတြက္ ေက်းဇူးပါ။
Leave a Reply