ကမ္ဘာမြေကြီး တုန်ဟီး သွားစေမည့် အညာသူ အညာ သားတို့ ရဲ့ သတ္တိကို ပြောလာတဲ့ ကိုပေါက်
ဒါရိုက်တာ ကိုပေါက်ဟာ ပြည်သူတွေဘက်ကနေ မား မားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော် လှန်ရေးတို က်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။
ဒါအပြင် တော်လှန်ရေးကာလအတွင်း ပြည်သူတွေသွေးမအေးသွားစေဖို့အတွက်လဲအချိန်တိုင်းနှိုးဆော် နေသူတစ်ဦးလဲ ဖြစ်ပါတယ်။ဒါရိုက်တာ ကိုပေါက် ဟာ အနုပညာမှာ ဘက်စုံတော်လွန်းရုံတင်မက ဟင်းချက်တာလဲ အရမ်းကောင်းမွန်တာကို တွေ့ရပါတယ်။
ဒါကြောင့်လဲရံဖန်ရံခါဆိုသလို အတူနေရဲဘော်တွေကို အရသာရှိတဲ့ဟင်းလျာတွေချက်ပြုတ်ကျွေးမွေးတတ်ပါတယ်။ ကိုပေါက် ကတော့ နွေဦးတော်လှန်ရေးမှာ အညာသားတွေရဲ့ သမိုင်းတွင်စေတဲ့ပေးဆပ်မှု့တွေကို ပြောပြလိုက်ပါတယ်။ ”ရင်တွေလည်းနာလှပါပြီ။
အညာသားတွေရဲ့ ဇ နဲ့ ပေးဆပ်မှူက ကမ္ဘာကြီးကို တုန်ဟီးစေတယ်။ မြို့ကြီး ပြကြီးတွေက တချို့တချို့တွေဒီတော်လှန်ရေးကို လူကြားကောင်းရုံလောက်ဟစ်ပြီး မဆိုင်သလိုနေတဲ့ တချို့ တချို့တွေ ခံစားတတ်တဲ့ နှလုံး သားနာကျင်ရကောင်းမှန်းသိတဲ့ ဦးနှောက်အမှတ် သည်းခြေရှိတဲ့ဆုံးဖြတ်ချက်တွေနဲ့ဒီတော်လှန်ရေးကို ပါဝင်လိုက်စမ်းပါ။
အခုလုပ်နေတဲ့အာဏာရှင်ရဲ့လုပ်ရပ်တွေက ရှေ့ဆက်ပြီး နိုင်ငံကောင်းဖို့လမ်းမမြင်တော့ဘူးဆိုတာကိုမြင်တတ်အောင်ကြည့်ပါ” လို့ ဒါရိုက်တာ ကိုပေါက် ဟာသူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ဒါရိုက် တာ ကိုပေါက် ကတော့ ဘယ်အရာမဆို ခံယူချက်ကအရေးကြီးတယ်ဆိုတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
Be the first to comment
Leave a Reply
Your email address will not be published.
*