ထိုင်းရောက်မြန်မာ အလိမ်ခံနေရတဲ့ သူတွေအတွက် ပြက်သားစွာ လုပ်ဆောင်လိုက်တဲ့ ကိုရဲမင်း

ထိုင်းနိုင်ငံမှာ ကိုယ့်လူမျိုးအချင်းချင်းအတွက် အရေးကြုံရင် ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပေးသူတစ်ဦးပါ။ ဒီတစ်ခေါက်လည်း ကိုရဲမင်းက ထိုင်းမှာ ကိုယ့်မြန်မာအချင်းချင်းအပေါ် လိမ်စားရက်တဲ့ လူလိမ်ပွဲစားတွေကိုရဲလက်အပ်ခဲ့ကြောင်း အခုလို ပုံနှင့်တကွ မျှဝေပေးလာပါတယ်။

ကိုရဲမင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ” ပွဲစားလူလိမ်မတွေ ငွေယူပြီး မလုပ်ပေးနိုင်ရင် ငွေပြန်ပေးလိုက်ပါ အေးဆေးပြောတယ် မရဘူးတိုင်ချင်ရာတိုင် ရဲမင်း တိုင်လည်း ဂရုမစိုက်ဘူးဆို ရဲစခန်းရောက်သွားတော့ သူတို့မဟုတ်တဲ့အတိုင်း မျက်နှာငယ်လေးနဲ့၊

ဒါပေမယ့် မြန်မာပြည်သားအချင်းချင်း တိုင်းတပါးမှာ ပြည်ပမှာ လိမ်တဲ့အတွက် ဆေးမမှီတော့ဘူးအေအေစီရဲမင်း’ကို စိန်မခေါ်နဲ့ ကောင်းကောင်းပြော ထမင်းပါ ကျွေးမယ်။ ကောင်းကောင်းပြောလို့မရရင်တော့ အခမဲ့ထမင်းကျွေးရုံကြီး ပို့ပေးမယ်။ မင်းတို့လို လူလိမ်ပွဲစားတွေအတွက်တော့ ငရဲမင်း။

ထိုင်းရောက်မြန်မာအလုပ်သမားတွေ အတွက်ရဲမင်း (AAC) YE MIN AAC မဟာမိတ်အဖွဲ့ 15/1/2023″ဆိုတဲ့ စာသားနဲ့အတူ ပုံရိပ်အချို့ကိုပါ ထုတ်ပြလာတာပဲ ဖြစ်ပါတယ်၊ အကိုရဲမင်းလိုစိတ်ဓာတ်မျိုးကတော့ တရာမှာတစ်ယောက်ပါပဲနော်၊

အခုလို တိုင်းတပါးမှာ ကိုယ့်မြန်မာပြည်သားတွေရှေ့ ခေါင်းဆောင်စိတ်ဓာတ်နဲ့မားမားမတ်မတ်ရပ်တည်ပေးတာ တကယ်ကိုကျေးဇူးအများကြီးတင်မိပါတယ်။ ကိုရဲမင်းရဲ့စိတ်ဓာတ်ကတော့ တကယ်ကို လေးစားစရာပါပဲနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Be the first to comment

Leave a Reply

Your email address will not be published.


*